စစ်တွေပွိုင့်ကမ်းခြေတွင် အပန်းဖြေရန်လာရောက်သူများ ကိုဗစ်စည်းကမ်းမလိုက်နာက အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ အပန်းဖြေရန်လာရောက်သူများမှာ ပြန်လည်များပြားလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

01 Dec 2021

DMG ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ အပန်းဖြေရန်လာရောက်သူများမှာ ပြန်လည်များပြားလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ကိုဗစ်ရောဂါ ဆက်လက်ဖြစ်ပွားမှုရှိနေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“ဈေးဆိုင်တွေ များလာတယ်။ ကမ်းခြေမှာလည်း လူကအရမ်းများတယ်။ ကိုဗစ်ကပျောက်သွားတာမဟုတ်ဘူးဆိုတော့ ကိုဗစ်စည်းးကမ်းနဲ့ညီညွတ်ဖို့ လုပ်ဆောင်တာဖြစ်တယ်။ လူ ၁၀၀ ထက်မပိုဖိုနဲ့ သတ်မှတ်ထားတဲ့ သူ့အကွာအဝေးနဲ့သူ နေရမယ်။ လူများများစုရင် ဒီကိုဗစ်စည်းကမ်းတွေနဲ့မညီဘူး။ အဲဒါလေးကို အဓိကထားပြီးေးတော့ လူတွေကို သတိရှိဖို့လုပ်ဆောင်တာဖြစ်တယျ။ လိုအပ်ရင်အရေးယူတာတွေပါ ဆက်လုပ်လာမယ်”ဟု ဦးလှသိန်းကဆိုသည်။

လက်ရှိတွင် ပထမအနေဖြင့် ကိုဗစ်သတိရှိအောင်အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ပြီး အရေးယူခြင်းကို မည့်သည့်အချိန်တွင် လုပ်ဆောင်သွားမည်ကိုမသိသေးကြောင်း ဦးလှသိန်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု ကျဆင်းလာသော်လည်း နှာခေါင်းစည်း(MasK)တပ်ဆင်မှု လျော့နည်းလာသဖြင့် ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရန်နှင့် Mask မတပ်သူများကိုတွေ့ရှိပါက RDP Tesk Kit ဖြင့် စစ်ဆေးဆောင်ရွက်ခြင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ်မှ နယ်စပ်ကုန်သွယ်၍ပြန်လာသူ ၉ ဦး၌ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကာ လေကြောင်းဖြင့်သွားမည့် ခရီးသည်နှစ်ဦးထံတွင်လည်း ကိုဗစ်နိုင်တင်းရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့သည်။

စစ်တွေမြို့တွင် ကိုဗစ်ရောဂါကူစက်သူများ ပြန်လည်တွေ့ရှိလာသဖြင့် ကျန်းမာရေးအရ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်သင့်ကြောင်း စစ်တွေမြို့ဒေသခံ ဒေါ်ညိုအေးကပြောသည်။

“ကျန်းမာရေးအရ လုပ်သင့်တယ်လို့ထင်တယ်။ လူတွေဟာ ဒီနေ့အထိ တစ်ကြိမ်မှ Mask မတပ်တဲ့သူတွေလည်း တွေ့နေရတယ်။ ကျန်းမာရေးအရ အားလုံးကိုထိန်းချုပ်သင့်တယ်လို့ထင်တယ်။ ကပ်ဘေးကြီးဆိုတော့ မဖြစ်တာအကောင်းဆုံးပဲ။ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်သင့်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် ကိုဗစ်တတိယလိုင်းပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က စစ်တွေမြို့ပွိုင့်ကမ်းခြေကို သွားလာခွင့်ပိတ်ထားခဲ့သည်။

ယင်းအပြင် ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့တွင် ဝိုင်းဖွဲ့ပြီးအရက်ဘီယာသောက်စား၍ လူစုလူဝေးပြုလုပ်နေသူများကိုလည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မတို့ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

ဗီဒီယိုများ