ဒီး‌မော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ဇွန်လ ပထမအပတ်အတွင်း လက်နက်ကြီးကျရောက်မှု၊ မိုင်းနင်းမှုတို့ကြောင့် ဒေသခံ ၆ ဦးသေဆုံး

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်ပထမ ပတ်အ‌ကျော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုနှင့်ဒေသခံ (၅) ဦးနှင့် မိုင်းနင်းမိကြောင်း (၁) ဦး သေဆုံးခဲ့ပြီး နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

16 Jun 2022

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒီးမော့ဆိုမြို့နယ် ဆိုမူဆို ကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပုံ (ဓာတ်ပုံ - KNDF)

DMG ၊ ဇွန် ၁၆

ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုနှင့် ဖယ်ခုံမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇွန်ပထမ ပတ်အ‌ကျော်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုနှင့်ဒေသခံ (၅) ဦးနှင့် မိုင်းနင်းမိကြောင်း (၁) ဦး သေဆုံးခဲ့ပြီး နေအိမ် (၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့၌ ဝါရီကောခူမှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် (၆၀) အရွယ်အမျိုးသား တစ်ဦးနှလုံးရပ်သေဆုံးခဲ့က ဇွန်လ (၉) ရက်နေ့က လည်း လွိုင်ကော်နှင့် ဒီးမော့ဆိုနယ်စပ်တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ဒေါပေါ်ကလဲ ကျေးရွာမှ အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ (KNDF) မှ ထုတ်ပြန်သည်။

အလားတူ ဇွန် လ (၁၀) ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ငံရိုးကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ကြောင့် အသက် (၅၄) နှစ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး ဒေါစဲကျေးရွာသို့ ရိက္ခာပစ္စည်း ပြန်ယူ စဉ်မိုင်းနင်းခံရမှု ကြောင့် အသက် (၅၀) ကျော် အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း KNDF သတင်းအရင်း အမြစ်ကပြောသည်။

“ ဇွန်လ ၇ ရက်က ၁၀ ရက်နေ့ အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ဒေသခံ စုစုပေါင်း (၅) ဦး သေဆုံးတယ်။ တစ်ဦးကတော့မိုင်းနင်းမိပြီး သေဆုံးတာရှိပါတယ် ” ဟု KNDF သတင်းရင်းမြစ်က ဆိုသည်။

ယင်းအပြင် ဆက်စပ်ပြီး ပြီးခဲ့သည့် ဇွန် လ ၅ ရက်နေ့မှ ၁၁ ရက်အတွင်း စစ်ကောင်စီတပ်၏လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဖယ်ခုံမြို့နယ်တွင် နေအိမ်(၂)လုံး၊ ဓာတ်ဆီဆိုင် (၁) ဆိုင်နှင့် ဒီးမော့ဆို မြို့နယ်တွင် နေအိမ် ( ၅ ) လုံး စုစုပေါင်း အဆောက်အဦး (၇) လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်းလည်း စစ်ရှောင်ကူညီသူများ ထံမှသိရသည်။

“ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျ လို့ ဇွန် (၅) ရက်ကနေ (၁၁) ရက်ပေါ့။ တစ်ပတ်အတွင်း ဒီးမော့ဆိုမှာ နေအိမ် (၅) လုံးနဲ့ ဖယ်ခုံမှာ နေအိမ် (၂) လုံး၊ ဓာတ်ဆီဆိုင်တစ်ဆိုင်ထိခိုက်ပျက်စီးခဲ့ပါတယ် ” ဟု စစ်ဘေးရှောင်ကူ ညီရေး လုပ်ဆောင်သူ တစ်ဦးက ဆိုသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့သည် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေး တပ်တို့အကြား စစ်ရေးတင်းမာမှုများ နေတိုင်းရှိနေသည့် နေရာများလည်းဖြစ်ကြသည်။

ဗီဒီယိုများ