ဂွမြို့နယ်တွင် သက်ငယ်မုဒိန်းမှု ကျူးလွန်ခဲ့သည်ဟု သံသယရှိသူကိုဖမ်းမိ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ယင်းနေ့ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။

By မျိုးသီရိကျော် 02 Apr 2020

Photo - Kyaw Myint Maung' facebook

မျိုးသီရိကျော် | DMG
ဧပြီ ၂ ၊ ဂွ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းက သက်ငယ်မုဒိန်းမှုဖြစ်ပွားခဲ့ပြီး သံသယရှိသူကို ယင်းနေ့ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလွင်က ပြောသည်။

အသက် (၈)နှစ်အရွယ် မိန်းကလေးသည် အိမ်းနီးနားချင်းဖြစ်သည့် အသက် ၂၁ အရွယ် ဖြိုးကိုဆိုသူ၏ နေအိမ်အတွင်း ဆော့ကစားနေစဉ် တောထဲသို့ခေါ်ဆောင်ကာ အဓမ္မကျူးလွန်ခဲ့ပြီး ကျောက်ခဲများဖြင့် ဖိသတ်ခဲ့သဖြင့် မိန်းကလေးငယ် သေဆုံးသွားသည်ဟု ဆိုသည်။

“ကလေးအိမ်နဲ့ သူတို့အိမ်က ကပ်လို့ပါ။ အဲဒီကလေးက ဆော့နေတာပါ။ ယောကျ်ားလိုမျိုးနေတယ်။ ဖြိုးကိုက တောထဲသွားတယ်၊ လိုက်မလားဆိုပြီး ခေါ်သွားတာပါ။ အဲဒီတောထဲမှာ မုဒိမ်းကျင့်ပြီး  ကျောက်ခဲတွေနဲ့ ဖိသတ်ခဲ့တာပါ။ ကလေးပျောက်တယ်ဆိုပြီးတော့ ကျနော်တို့က လိုက်ရှာတယ်။ ပြီးမှ ရွာအနီးအနားက တောထဲမှာလိုက်ရှာကြည့်တော့ သေပြီးတော့တွေ့ရတယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

သံသယရှိသူ ဖြိုးကိုမှာ ယခင်ကလည်း မုဒိမ်းမှုများကျူးလွန်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သဖြင့် သံသယဖြင့်စောင့်ကြည့်ပြီးနောက် သူ၏နေအိမ်အတွင်း အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ ဂွမြို့မရဲစခန်းသို့ အပ်နှံခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဂွမြို့မရဲစခန်းမှ စခန်းမှူးကို DMG က ဆက်သွယ်ရာတွင် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြီး အသေးစိတ်ကို ပြောမရသေးကြောင်း ဆိုသည်။

ဗီဒီယိုများ