အမ်းမြို့တွင် တပ်က စစ်ဆေးရန်ခေါ်ယူသွားသည့် ကျန်းမာရေးဝန်ထမ်း သုံးဦးအနက် နှစ်ဦးပြန်လွတ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းသုံးဦးအား သြဂုတ် ၉ ရက်နေ့က တပ်မတော်စစ်ဆေးရေး ဂိတ်တစ်ခုမှ စစ်ဆေးရန်ခေါ်ယူသွားပြီးနောက် ယနေ့(သြဂုတ်လ ၁၀ ရက်)နေ့တွင် နှစ်ဦးပြန်လည်လွတ်မြောက်လာကာ ကျန်တစ်ဦးကို အမ်းမြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှသိရသည်။

By ကျော်မျိုးအောင် 10 Aug 2020

ကျော်သူဌေး | DMG
သြဂုတ် ၁၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းသုံးဦးအား သြဂုတ် ၉ ရက်နေ့က တပ်မတော်စစ်ဆေးရေး ဂိတ်တစ်ခုမှ စစ်ဆေးရန်ခေါ်ယူသွားပြီးနောက် ယနေ့(သြဂုတ်လ ၁၀ ရက်)နေ့တွင် နှစ်ဦးပြန်လည်လွတ်မြောက် လာကာ ကျန်တစ်ဦးကို အမ်းမြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှသိရသည်။

ကျန်းမာရေးဝန်ထမ်း ကြီးကြပ်(၂)များဖြစ်ကြသည့် ကိုငြိမ်းလင်းဇော် (၂၆)နှစ်၊ ကိုမင်းကျော်နိုင် (၂၅)နှစ်နှင့် ကိုဇော်မင်းထွန်း (၂၄)နှစ်တို့သည် အမ်းမြို့နယ် သပြုချိုင်ကျွန်း ကျေးလက်ကျန်းမာရေးဌာနတွင် တာဝန် ထမ်းဆောင်နေကြသူများ ဖြစ်သည်။

၎င်းတို့သုံးဦးသည် သပြုချိုင်ကျွန်း၊ ကျောက်မြောင်းကျေးရွာအုပ်စုမှ အမ်းမြို့ပေါ်သို့ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂) မွန်းမံသင်တန်းတက်ရန် ဆိုင်ကယ်နှစ်စီးဖြင့်သွားစဉ် အမ်းမြို့နှင့် တစ်မိုင်ခန့်ဝေးသည့် တစ်မိုင်ကုန်းတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်ဟု အမ်းမြို့ခံ ကိုမျိုးလွင်က ပြောသည်။

“နှစ်ယောက်ကကျတော့ သင်တန်းကိုရောက်နေပါပြီ။ သူတို့က အခုသင်တန်းခန်းမထဲ ရောက်နေတာဖြစ်လို့ အသေးစိတ်ကို မေးဖို့မရသေးပါဘူး” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ပြောသည်။

ကျန်ရှိနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား အမ်းမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်ဆိုသည့် ပြောဆိုချက် နှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် အမ်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲကာလအတွင်း AA နှင့်ဆက်နွယ်သည်ဟုသံသယဖြင့် ဖမ်းဆီးခံရသူများထဲတွင် အစိုးရဝန်ထမ်းများလည်းပါဝင်နေသည်။

ဗီဒီယိုများ