ကျောက်တော်တွင် တစ်နာရီခန့်ကြာတိုက်ပွဲကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ ညနေပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

By နှင်းနွယ် 21 Feb 2020

နှင်းနွယ် | DMG
ဖေဖော်ဝါရီ ၂၁၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လောင်းရှည်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ ညနေပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ယင်းရွာအနီးတွင် ညနေ (၃) နာရီခန့်ကစတင်ကာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အသက် (၃၀) နှစ်အရွယ် မအေးဆန်းမှာ ဘယ်ဖက်ခြေကို ကျည်ဆန်ထိမှန်သွားသည်ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်မသိန်း ဦးက DMG သို့ပြောသည်။

 “ကျည်က ဘယ်ဘက်ကလာတာလဲဆိုတာတော့ မသိဘူး။ သူကထမင်းချက်မလို့လုပ်နေတာ။ တိုက် ပွဲဖြစ်သံကြားတော့ သူကကြောက်ပြီးတော့ အိမ်ထဲကိုပြေးဝင်တယ်။ အဲဒီအချိန်မှာ ကျည်ကသူ့ဘယ်ဘက်ခြေဖ နောင့် ကိုလာထိတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဒဏ်ရာရရှိသူကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ရန် အခက်အခဲရှိသောကြောင့် မီးလက်ဝကျေးရွာ ဆေးခန်းသို့ ပို့ဆောင်ထားသည်ဟု မိသားစုဝင်များထံက သိရသည်။  

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ် ကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်နက်ကြီးထိမှန်မှု၊ မိုင်းပေါက်ကွဲမှု၊ ပစ်ခတ်ခံရမှုတို့ကြောင့် အရပ်သား(၁၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ (၃၆၀)ကျော်ရှိသည်ဟု ရက္ခိုင်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ- ရန်ကုန်) ထံမှ သိရသည်။

ဗီဒီယိုများ