အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုခံထားရသူ ၁၂ ဦးကို ရုံးထုတ်

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာသားများအပါဝင် ၁၂ ဦးအမှုကို စစ်ဆေးရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့မှာ တရားလိုပြသက်သေ (၈) ဦးကို စစ်တွေခရိုင်တရားက ဆင့်ခေါ်ခဲ့သော်လည်း (၁)ဦးသာရောက်ရှိခဲ့သည်။

By မင်းထွန်း 29 Aug 2019

မင်းထွန်း|DMG

သြဂုတ် ၂၈၊ စစ်တွေ

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသော မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာသားများအပါဝင် ၁၂ ဦးအမှုကို စစ်ဆေးရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့မှာ တရားလိုပြသက်သေ (၈) ဦးကို စစ်တွေခရိုင်တရားက ဆင့်ခေါ်ခဲ့သော်လည်း (၁)ဦးသာရောက်ရှိခဲ့သည်။

ရုံးချိန်းကို ရောက်ရှိလာသော တရားလိုပြသက်မှာ ဒုရဲမှူးသိန်းနိုင်အေးဖြစ်ပြီး အမှုမှာ အဓိကအရေးကြီးသော တရားလိုသက်သေများဖြစ်သည့် တပ်မတော်အရာများနှင့် ရဲအရာရှိများမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မရောက်နိုင်ကြကြောင်း ရှေ့နေဦးကျော်ညွှန့်မောင်ကပြောသည်။

“ကျွန်တော်တို့အရပ်သား သက်သေနှစ်ဦးရယ်။ နောက်ပြီးတော့ ရဲနဲ့ တပ်က သက်သေကခြောက်ဦး သက်သေရှစ်ဦးကို ခေါ်ထားတယ်။ အဲဒီမှာ ကျွန်တော်တို့ပြည်နယ်အရံက ဒုရဲမှူးသိန်းနိုင်အေးဆိုတဲ့သူ တစ်ယောက်ပဲရောက်တယ်။ ကျန်တဲ့ လူတွေကမရောက်ဘူး ။ မြောက်ဦးက အရပ်သားသက်သေ နှစ်ယောက်ကလည်းမရောက်ဘူး လမ်း ပန်းဆက်သွယ်ရေးအခြေအနေမကောင်းလို့ဆိုပြီးတော့ မရောက်ကြဘူး။ နောက်တပ်နဲ့ ကျန်တဲ့ရဲကသက်သေတွေကလည်းမရောက်ကြဘူး ”ဟုပြောသည်။

တရားလိုအပါဝင် တရားလိုပြသက်သေများ ရောက်ရှိမလာသည့်အတွက် တရားစွဲဆိုခံထားရသူများဘက်မှ နစ်နာမှုများရှိနေ ကြောင်းလည်း ရှေ့နေဦးကျော်ညွှန့်မောင်ကပြောသည်။

“တရားစွဲဆိုခံထားရတဲ့လူတွေ က တရားလိုပြသက်သေတွေ မလာဘူးဆိုလို့ရှိရင် အမှုသည်အတွက်နစ်နာတယ်။ ဘာကြောင့်လဲဆိုတော့ အမှုက မလိုလားအပ်ဘဲနဲ့ ကြန့်ကြာနေတာပေါ့နော်။ဥပမာ လေးလနဲ့ပြီးမယ့်အမှု ခြောက်လ ခုနှစ်လ အဲဒီလိုကြာသွားတယ်။ ကျွန်တော်တို့အမှုပြီးသွားပြီးဆိုရင် ဟို ပေါ်ပေါက်ရင်တော့ အပြစ်ပေးအရေးယူခံရမယ်။ မပေါ်ပေါက်ဘူးဆိုရင်လွှတ်မှာပေါ့နော် အဲလိုမျိုးအနေအထားမှာ တရားလိုပြသက်သေတွေ မလာဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့အမှုသည်တွေတအတွက် အချုပ်ထဲမှာပဲနေရတဲ့အတွက်နစ်နာတယ်။”ဟုလည်း ဦးကျော်ညွှန့်မောင်ကပြောသည်။

တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့နယ်မှ ၉ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦးနှင့် စစ်တွေမြို့နယ်မှ ယာဉ်မောင်း ၂ ဦးတို့ဖြစ်သည်။

တရားစွဲဆိုခံထားရသူများမှာ မင်းပြားမြို့နယ်၊ပန်းမြောင်းတိုက်နယ်၊သပေါ့စာတဲစုမှာ နေထိုင်သူတစ်ဦး ငှက်ဖျားရောဂါကြောင့် တိမဲ့နေသည့််အတွက် မတ်လ ၁၂ ရက်နေ့က မြောက်ဦးဆေးရုံသို့ လိုက်ပါပို့ဆောင်စဉ် တပ်မတော်မှဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ