ညောင်လေးပင်ခရိုင်တွင် KNU တပ်မဟာ(၃)မှ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၃)နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများကို ကရင်လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများမှ နှစ်ရက်တာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က KNU သတင်းစဉ်-KIo FM ၌ ဖော်ပြသည်။

14 Nov 2021

အရပ်ဘက် ကရင်လူမှုရေးရာအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းတို့မှ ကျေးရွာသားတွေကိုကျန်းမာရေးစောင့်ရှောက်ပေးနေပုံ

DMG ၊ နိုဝင်ဘာ၁၅

ကရင်အမျိုးသားအစည်းရုံး(KNU) တပ်မဟာ(၃)နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်ရှိ ဒေသခံများကို ကရင်လူမှုအဖွဲ့အစည်းများနှင့် ကျန်းမာရေးစေတနာ့ဝန်ထမ်းများမှ နှစ်ရက်တာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့က KNU သတင်းစဉ်-KIo FM ၌ ဖော်ပြသည်။

KNU လက်အောက်ခံ လူမှုအဖွဲ့အစည်းများဖြစ်သည့် အရပ်ဘက်ဒေသခံ ကရင်လူမှုရေးရာအဖွဲ့အစည်းများနှင့် ကျန်းမာရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတို့က ညောင်လေးပင်ခရိုင်အတွင်းရှိ ပနာဝါးကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ နှစ်ရက်တာပြုလုပ်ပေးခဲ့ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူများမှပြောသည်။

ယင်းသို့ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အနီးအနားကျေးရွာဖြစ်သည့် ကြောင်းပျံကျေးရွာမှဒေသခံများလည်း လာရောက်ကုသခဲ့ကြောင်းနှင့် လိုအပ်သည့်ဆေးဝါးများကို ထောက်ပံ့မှုများပြုလုပ်ခဲ့ကြောင်း အရပ်ဘက်ဒေသခံ ကရင်လူမှုရေးရာအဖွဲ့အစည်းထံမှ သိရသည်။

လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုအပါအဝင် ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ဆေးဝါးဈေးနှုန်းထိုးတက်လာခြင်း၊ ကျေးရွာအတွင်းမှ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိပညာအားနည်းခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုပေးသူနည်းပါခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့် ယနေ့တိုင် စစ်ဘေးဒဏ်ကြောင့် ကျေးရွာသားများမှာ ကျန်းမာရေးထိခိုက်လျက်ရှိနေပြီး အခက်အခဲများစွာရှိနေကြောင်း သိရသည်။

ဗီဒီယိုများ