ကျောက်ဖြူလေဆိပ်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ လူငယ်တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ လေယာဉ်ကွင်းတွင် ယနေ့ မတ်လ ၂၁ ရက်နေ့၊ ညနေ (၅)နာရီခွဲခန့်က ဒေသန္တရလုပ် လက်လုပ်မိုင်းအဟောင်းဟု ယူယူဆရသည့် အရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွား၍ အသက် (၁၅)နှစ် အရွယ်လူငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

By ခိုင်မင်း 21 Mar 2020

ခိုင်မင်း(ကျောက်ဖြူ) | DMG
မတ်လ ၂၁၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ လေယာဉ်ကွင်းတွင် ယနေ့ မတ်လ ၂၁ ရက်နေ့၊ ညနေ (၅)နာရီခွဲခန့်က ဒေသန္တရလုပ် လက်လုပ်မိုင်းအဟောင်းဟု ယူယူဆရသည့် အရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွား၍ အသက် (၁၅)နှစ် အရွယ်လူငယ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

(၉)တန်းကျောင်းသား မောင်ဇော်နိုင်အပါအဝင် လူငယ်သုံးဦးသည် လေယာဉ်ကွင်းခြံစည်းရိုး အနောက်ဘက်တွင် အဆိုပါအရာဝတ္ထုအား တစ်ဦးနှင့်တစ်ဦး ပစ်မြှောက်ဆော့ကစားစဉ် လေယာဉ်ကွင်းဖြတ်လမ်း ကွန်ကရစ်ပြေးလမ်းပေါ်ရှိ ကွန်ကရစ်လမ်းနှင့်ထိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် မောင်ဇော်နိုင်တွင် ဝဲမျက်ခုံးပေါက်ပြဲ၊ ယာပေါင်ပေါက်ပြဲ၊ ယာလက်ဖျံပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) များရရှိသွားပြီး ကျောက်ဖြူဆေးရုံသို့ ပို့ဆောင်ထားသည်။

ယင်းပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ခရိုင်ရဲတပ်ဖွဲ့မှအရာရှိများ၊ မြို့နယ်ရဲတပ်ဖွဲ့မှအရာရှိများ၊ ကျောက်ဖြူတပ်နယ်မှ အရာရှိများနှင့် မိုင်းရှင်းလင်းရေးအဖွဲ့များ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဗီဒီယိုများ