ကယားပြည်နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှာ ကယားပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ဒေသနေပြည်သူများမှ ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

08 Feb 2022

 ကရင်နီစစ်ဘေးရှောင်များ ကယားပြည်နယ် လွိုင်ကော်မှ ရှမ်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြစဉ်။
 
DMG ၊ ဖေဖော်ဝါရီ ၈
 
 
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှာ ကယားပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ဒေသနေပြည်သူများမှ ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
 
အဆိုပါစစ်ဘေးရှောင်များမှာ ယခုအချိန်တွင် တိုက်ပွဲမဖြစ်ပွားသည့်ဒေသများသို့ ပြန်လည်ဝင်ရောက်လာသူ့အချို့ ရှိလာပြီဖြစ်ကြောင်း ယင်းဒေသတွင်နေထိုင်သူများထံမှ သိရသည်။
 
"တိုက်ပွဲကတော့ ဖြစ်နေတုန်း။ ရွာဘက်မှာ ပိုဖြစ်တယ်။ ကျမက မြို့ပေါ်နေသူမို့ အခုပြန်ဖို့စီစဉ်နေတယ်"ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
 
မိမိနေထိုင်ရာဒေသသို့ ပြန်လာကြသော စစ်ဘေးရှောင်အချို့မှာ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားမှုနှင့်မကြုံတွေ့ရန် သတိထားသွားလာရမည်ဖြစ်ကြောင်း ဒေသခံများကဆိုသည်။
 
"ခုချိန်ထိ တို့ဒေသမှာ တိုက်ပွဲတွေဖြစ်နေတုန်းမို့ အသွားအလာက တိုက်ပွဲနဲ့မဆုံမိအောင် သတိကြီးကြီးထားပြီး တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မပြတ်ဖို့ကအရေးကြီးတယ်"ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ယနေ့အချိန်ထိ မြန်မာစစ်တပ်နှင့် ကရင်နီတို့ကြား တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေ ၁၅၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
 
တိုက်ပွဲကြောင့် ရှမ်းပြည်ဘက်သို့ထွက်ပြေးတိမ်းရှောင်လာသူသည့်စစ်ဘေးရှောင်များကို ဒေသခံများက နေထိုင်စားသောက်ရေးနှင့် လုံခြုံရေးအတွက် အကူအညီပေးခဲ့ကြောင်းသိရသည်။

ဗီဒီယိုများ