ကွမ်းသီးခြံတွင် မိုင်းပေါက်ကွဲခြင်းကြောင့် ခြံပိုင်ရှင်အား အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် မြောက်ဦး-မင်းပြားလမ်းဆုံနှင့် တစ်ဖာလုံခန့်အကွာအဝေးတွင်ရှိသည့် ကွမ်းသီးခြံတွင် မိုင်း ပေါက်ကွဲပြီး လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် အဆိုပါ ခြံပိုင်ရှင်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်၏ မိသားစုဝင်များကပြောသည်။

02 Dec 2020

ခင်သရဖီဦး |DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ် မြောက်ဦး-မင်းပြားလမ်းဆုံနှင့် တစ်ဖာလုံခန့်အကွာအဝေးတွင်ရှိသည့် ကွမ်းသီးခြံတွင် မိုင်း ပေါက်ကွဲပြီး လူထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် အဆိုပါ ခြံပိုင်ရှင်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကာယကံရှင်၏ မိသားစုဝင်များကပြောသည်။

နိုဝင်ဘာလ (၂၀)ရက် မွန်းလွဲ ၁၂နာရီခွဲအချိန်ခန့်က ယင်းကွမ်းသီးခြံတွင် အငှါးလုပ်သားအဖြစ် လုပ်ကိုင်နေသည့် မင်းပြားမြို့နယ် ဟာလပိုင်ကျေးရွာမှ မွတ်ဆလင်လူငယ်တစ်ဦးမှာ ကွမ်းသီးသွားကောက်စဉ်တွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် အဆိုပါနေ့ ညနေ ခြောက်နာရီခန့်တွင် တပ်မတော်စစ်ကြောင်းမှ ကားဖြင့် ရောက်လာပြီး ခြံပိုင်ရှင် ဦးအောင်ညွန့် အသက် (၅၅)နှစ်ကို ဖမ်းဆီးကာ မြောက်ဦးရဲစခန်းတွင် ချုပ်နှောင်ထားခဲ့ကြောင်း ဦးအောင်ညွန့်နှင့်ယောက်ဖ တော်စပ်သူ ဦးတင်ဝင်းက ပြောသည်။

ခြံပိုင်ရှင် ဦးအောင်ညွှန့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)ဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မြောက်ဦးရဲစခန်းက အမှုအဖွင့်ထားကြောင်း ၎င်းကဆိုသည်။

“အခုက ရဲစခန်းမှာ အမူဖွင့်ပြီးတော့ ချူပ်ရမန်ယူထားတယ်။ လာမယ့်(ဒီဇင်ဘာ)လေးရက်နေ့တော့ ရုံးထုတ်မယ်လို့ သိရတယ် ”ဟု ၎င်းကပြောသည်။

မြောင်းဘွေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေကလည်း “အဲဒါကတော့ မြောက်ဦးအချုပ်ကို ရောက်သွားပါပြီ၊ သူတို့မြောင်းဘွေစခန်းက မေးမြန်းဖို့ခေါ်တော့ စစ်တပ်က လမ်းကြောင်းဆင်းတဲ့အခါ ကားနဲ့တင်သွားတယ်။ မြောက်ဦးကို ရောက်တဲ့အခါ ရဲကားနဲ့တင်သွားတယ်လို့ မိသားစုတွေက ပြောပါတယ်။ အခုအခြေကနေတော့ ကျနော်လည်းမသိဘူး” ဟုဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့် ကွမ်းသီးခြံအတွင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအစပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်ကာ နှစ်ရက်မျှ ယာယီနေထိုင်ခဲ့သည့်အတွက် ယင်းမိုင်းမှာလည်း တပ်မတော်က ထောင်းထားခဲ့သည့် မိုင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ခြေတောက်နှစ်ဘက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော မွတ်ဆလင်လူငယ်ကို နိုဝင်ဘာလ ၂၁ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေတိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းကုသပေးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗီဒီယိုများ