- ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
- စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ၁၉ ရက်အတွင်း အရပ်သား ၂၃ ဦးသေဆုံး
- စစ်တွေတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်၍ မွတ်ဆလင် ၈၀ ဦးထက်မနည်း သေဆုံး
- လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ သွေးထိုးလှုံ့ဆော်နေကြောင်း မွတ်ဆလင်များပြော
လေပြင်းတိုက်ခတ်မှုကြောင့် ရေယာဉ်လိုင်းပြေးဆွဲမှုများ ရပ်နားထားရ
ရခိုင်ပြည်နယ်တွင် မာန်အောင်-တောင်ကုတ်ပြေးဆွဲနေသည့် ရွှေပြည်တန်နှင့် ရွှေလင်းယုန် ရေယာဉ်လိုင်းတို့ကို ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီး ရပ်နားထားခြင်းဖြစ်သည်။
09 Nov 2019
အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၉ ၊ မာန်အောင်
လေပြင်းတိုက်ခတ်မှုများကြောင့် မာန်အောင်-တောင်ကုတ် နေ့စဉ်ပြေးဆွဲလျက်ရှိသော ရေယာဉ်လိုင်းများကို ခေတ္တရပ်နားထားရသည်။
ရခိုင်ပြည်နယ်တွင် မာန်အောင်-တောင်ကုတ်ပြေးဆွဲနေသည့် ရွှေပြည်တန်နှင့် ရွှေလင်းယုန် ရေယာဉ်လိုင်းတို့ကို ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာလ ၈ ရက်နေ့ကစတင်ပြီး ရပ်နားထားခြင်းဖြစ်သည်။
“လေတွေတိုက်နေလို့ရပ်ထားရတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ကတည်းက စပြီးရပ်ထားတာ။ ၅ ရက်လောက် ရပ်နားမှာဖြစ်တယ်” ဟု ရွှေလင်းယုန်ရေယာဉ်လိုင်းမှ တာဝန်ရှိသူ ကိုမောင်မောင်အေး က ပြောသည်။
မာန်အောင်ဒေသသည် ရေလမ်းခရီးကိုသာ အဓိကထားနေရသည့် ဒေသတစ်ခုဖြစ်သည့်အလျှောက် သွားရေးလာရေးအခက်အခဲရှိနေသော ဒေသတစ်ခုဖြစ်သည်။
ထို့အပြင် ယခုအချိန်ကာလသည် မိုးစပါးများရိတ်သိမ်းချိန်ဖြစ်သည့်အတွက် လေပြင်းတိုက်ခတ်မှုများကြောင့် စပါးပင်များယိုင်လဲကာ ရိတ်သိမ်းရန်အခက်အခဲရှိနိုင်ကြောင်း မာန်အောင်ဒေသခံ လယ်သမားတစ်ဦးဖြစ်သည့် ဦးသိန်းတင်က ဆိုသည်။
“လေတိုက်တော့ စပါးပင်တွေအကုန်လုံး လဲကုန်ဒါပေါ့ဗျာ။ ပြီးတော့ ရိတ်ပြီးသားစပါးတွေဆိုလဲ ကောက်စည်းလုပ်လို့မရတော့ဘူးပေါ့။ ရိတ်သိမ်းခလည်း ဈေးကြီးတော့မယ်” ဟု ၎င်းကဆိုသည်။