ပလက်ဝက မိုင်းထိအမျိုးသမီး ဒဏ်ရာပြင်းထန်၍ စစ်တွေဆေးရုံတွင် ဆေးကုသခံနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ မြေမြုပ်မိုင်းပေါက်ကွဲ မူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေေ ဆးရုံကြီး၌ အရေးပေါ်ဆေးကုမှု ခံယူနေရကြောင်း မိသားစုဝင်ထံမှ သိရသည်။

22 Jun 2022

စစ်တွေဆေးရုံတွင် ဆေးကုမှုခံယူနေသည့် ပလက်ဝမှ မိုင်းထိလူနားအားတွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ ဇွန် ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ မြေမြုပ်မိုင်းပေါက်ကွဲ မူကြောင့် ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေေ ဆးရုံကြီး၌ အရေးပေါ်ဆေးကုမှု ခံယူနေရကြောင်း မိသားစုဝင်ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးမှာ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က အဘောင်သားကျေးရွာနှင့် တကာချောင်းကျေးရွာ အကြားတွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာရရှိခြင်းဖြစ်သည်။

မိုင်းထိမှန်မှုဖြစ်စဉ်တွင် အမျိုးသမီး ၂ ဒဏ်ရာရရှိခဲ့သော်လည်း အသက် (၅၀) ကျော် အရွယ်ဒေါ်ချေ ခင်မှာ ဒဏ်ရာနည်းသည့် အတွက် ပလက်ဝဆေးရုံတွင် ဆေးကုသမူ ခံယူနေေ သာ်လည်း ဒေါ်ဝင်း ခင်မှာ မျက်နှာပြင်နှင့် ခြေထောက်တို့မှ ဒဏ်ရာပြင်း ထန်းသည့်အတွက် စစ်တွေဆေးရုံသို့ ပို့ဆောင်ရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

“သူမှာ ဒဏ်ရာတွေကများတယ်။ ညာဖက်ခြေထောက်လည်း ပြတ်သွားတယ်၊ နောက်ပြီးတော့ ဘယ်ဖက် လက်မောင်းမှာလည်း ဒဏ်ရာတွေရထားတယ်၊ မျက်နာတွေ မိုင်းစတွေကျလို့ ဒဏ်ရာရထားတယ်။ ပလက်ဝ ဆေးရုံးမှာ မသက်သာတဲ့အတွက် စစ်တွေဆေးရုံးကို လာရတာပါ”ဟု ဒဏ်ရာရသူအမျိုးသမီးနှင့် သားမက်တော်စပ်သူ ကိုဝှေ့မြင့်က DMG ကိုပြောသည်။

အဆိုပါ အရေးပေါ် လူနာကို ပလက်ဝဆေးရုံကနေ ကျောက်တော်မြို့သို့ရေကြောင်းဖြင့် ယူဆောင်လာခြင်းဖြစ်ပြီး ကျောက်တော်မြို့မှ တဆင့် စစ်တွေသို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတ အသင်း လူနာတင်ကား ဖြင့်  စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

“လက်ရှိမှာ သူ့ကို စစ်တွေဆေးရုံ အမျိုးသမီး ခွဲစပ်ကုသဆောင်မှာ သီးသန့်ထားပြီး သွေးသွင်းထားတယ်။ ကျန်တဲ့ အခြေအနေကိုတော့ ဆရာမတွေ ဘာလုပ်မလဲ ဆိုတာကို မသိရသေးပါဘူး ” ဟု ကိုဝှေ့မြင့်က ရှင်းပြသည်။

ပလက်ဝစစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရပြီး ဟင်းရှာငါးရှာ တောနားတောင်နားသို့ သွာရသည့်အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်းလည်း ဒေသခံ စစ်ဘေးရှောင်များက ပြောသည်။

ဘောလုံးကွင်း စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးနီလှအောင် က  “ မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေရတယ်။ အခုက စစ်ဘေးရှောင်တွေ အကျပ်အ တည်းဖြစ်နေတာဆိုတော့ နေရာတိုင်းကို သွားပြီးတော့ အလုပ်သွားလုပ်နေရတာ။ ဒါကြောင့် တောနားတောင်နားမှာ ရှိတဲ့ ဒီမိုင်းတွေကိုတော့ တာဝန်ရှိသူတွေကလာရောက် ရှင်းပေးစေချင်တယ်။ အရင်ကလည်း မိုင်းထိမှုတွေ မကြာခဏဆိုသလို ကြားနေရတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့မှာ ပြီးခဲ့သည့်ကာလက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် မိုင်းနှင့် စစ်ကျန်လက်များမှာ တောတောင်များတွင် ကျန်ရှိနေခြင်းလည်းဖြစ်ကာ မကြာခဏဆိုသလို နေရာအနှံ့တွင် မိုင်းပေါက်ကွဲမှုများဖြစ်ပေါ်တတ်သော်လည်း မည့်သည့်အဖွဲ့အစည်က လုပ်ဆောင်ခဲ့ကြောင်းကို တာဝန်ယူထုတ်ဖော်ပြောဆိုခြင်းမရှိကြပေ။

ယခင်ကလည်း ပလက်ဝမြို့နယ်၊ င/ရှကျေးရွာတွင် မေလ ၃၀ ရက်နေ့က ဒေသခံတစ်ဦးမှာ တောင်မှယာ ခုတ်၍ပြန်လာ စဉ်မိုင်းနင်းမိကာထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ လင်မယားနှစ်ဦးမှာ  မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစများ ထိမှန်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ မိုင်းထိမှန်သွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နှင့် ဆက်စပ်ပြီး တိုက်ပွဲပြင်းထန်လာလ မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား သေဆုံးသူ ၅၆ ဦးနှင့်  ထိခိုက်ဒဏ်ရာရရှိသူ ၁၃၄ ဦး အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇွန်လ ၁၇ ရက်နေ့ စာရင်းအရ သိရ သည်။

ဗီဒီယိုများ