မာန်အောင်မြို့နယ်တွင် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာအနီးတွင် မတ်လ ၁၇ ရက်က အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။

By အောင်ကောင်းဇော် 18 Mar 2020

အောင်ကောင်းဇော် |DMG
မတ် ၁၈၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာအနီးတွင် မတ်လ ၁၇ ရက်က အမည်မသိ အမျိုးသား အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရှိရသည်။

လက်ရှိတွင် အဆိုပါအလောင်းကို မာန်အောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျက်ရှိကြောင်း မာန်အောင်မြို့နယ် စခန်းမှ အမှုစစ်စာရေး ဇော်ဝင်းမြင့်က ပြောသည်။

“မနေ့ကတွေ့တာ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ ဆေးရုံကို စစ်ဆေးဖို့ ပို့ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေတယ်၊ ဘယ်လိုသေတယ်ဆိုတာတော့ မသိရသေးဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ မာန်အောင်မြို့နယ်ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ