လေးကေ့ကော် စစ်ရှောင်များ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာ ရသည့် စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားများမှာ လက်ရှိတွင် နေထိုင်စရာနှင့် စားသောက်စ ရာများ အခက်အ ခဲဖြစ်ပေါ်နေကြောင်း ကာယကံရှင်နှင့် စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

25 Jun 2022

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှစပြီး မင်းလက်ပံကျေးရွာတွင် နေထိုင်ကြသည့် ဒုက္ခသည်များ။ (ဓာတ်ပုံ-CJ)

DMG၊ ဇွန် ၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီး တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာ ရသည့် စစ်ဘေးရှောင် ရွှေ့ပြောင်းလုပ်သားများမှာ လက်ရှိတွင် နေထိုင်စရာနှင့် စားသောက်စ ရာများ အခက်အ ခဲဖြစ်ပေါ်နေကြောင်း ကာယကံရှင်နှင့် စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများထံက သိရသည်။

အဆိုပါ စစ်ဘေးရှောင် ရွှေ့ပြောင်းအလုပ်သမားများမှာ စစ်ကောင်စီနှင့် ကရင် KNLA ပူးပေါင်းအဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့် အတွက်အလုပ်ပျက်အကိုင်ပျက်ဖြစ်နေရပြီး နေရပ်ပြန်ရန်မှာလည်း အခက်အခဲများ စွာဖြင့် ရင်ဆိုင်နေကြရကြောင်း ဒုက္ခသည် ရွှေ့ပြောင်းလုပ်သား တစ်ဦးကဆိုသည်။

“ တိုက်ပွဲကဖြစ်တော့ အလုပ်ကလည်းပျက်၊ စိုက်ပျိုးမြေကလည်း မရှိဆိုတော့ ငွေကြေး ခက်ခဲကုန်တာပေါ့။ အိမ်ပြန်ဖို့ဆို ရင်လည်း မှတ်ပုံတင်မရှိ တာတို့၊ လမ်းစရိတ်မရှိတာကော ကျန်းမာရေး ထောက်ခံ ချက်မရတာတို့ ဆိုတော့ ဘယ်လိုမှပြန်မရဘူး ” ဟု အဆိုပါရွှေ့ပြောင်းလုပ်သားက ဆိုသည်။

အဆိုပါ ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) နှင့် KNU/ KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် ၁၀၀ ကျော်မှာ ထိုင်း- မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်း နံဘေးသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် အခက်အခဲများပိုမို ရင်ဆိုင်နေရခြင်းဟု စစ်ရှောင်ကူညီရေး လုပ် ဆောင်နေသူ တစ်ဦးကပြောသည်။

“ တိမ်းရှောင်ရတာက တိုက်ပွဲစဖြစ်တဲ့ အချိန်ကနေ အခုထိပါပဲ။ ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် လည်း ပါဝင်လာ တယ်။ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တော့ ရွာထဲမှာ နေမရတော့ဘူး။ သောင်းရင်း မြစ်ကမ်း နံဘေးမှာ အဆင်ပြေသလိုပဲ နေရတာ အခုအထိဖြစ်နေတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါရွှေ့ပြောင်းလုပ်သား များမှာ ပဲခူး၊ တောင်ငူ၊ ရန်ကုန်၊ ဧရာဝတီ တိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဖြစ်ပြီး လေးကေ့ကော် ဒေသ ဖလူးကျေးရွာပိုင် မင်းလက်ပံရွာနှင့်  ထိုင်း-မြန်မာ နယ်စပ်အ နီး၌ စိုက်ပျိုးရေးလုပ်ငန်းများ၌ ကြုံရာအလုပ်ကိုင်သူများဖြစ်သည်။

ထို့အပြင်ပြီးခဲ့သည့် မေလအတွင်း ထိုင်း- မြန်မာနယ်စပ်အနီး၌ မိုးအဆက်မပြတ်ရွာသွန်းရာမှ မြစ်ရေကြီးမှု ကြောင့် သောင်ရင်းမြစ်ကမ်း နေရာမှ မင်းလက်ပံရွာ ဘုရားကုန်းနေရာသို့ ယာယီေ ရွှ့ပြောင်းခဲ့ရမှုများ ရှိခဲ့ကြောင်း ရွှေ့ပြောင်းလုပ်သားများကို ကူညီပေးနေသူများ ထံမှသိရသည်။

“အရင်မေလက မိုးအရမ်းရွာတော့ သောင်ရင်းမြစ် ရေကြီးလာတာ ဖြစ်သွားတယ်။ ကမ်းပါးပြိုကျတာပါ ဖြစ်သွား တော့ နေရာရွှေ့ပေးလိုက်ရတယ်။ မင်းလက်ပံရွာ ဘုရားကုန်းကို ထပ်ပြီး ယာယီရွှေ့ေ ပြာင်း လိုက်ရ တယ် ” ဟု ရွှေပြောင်းလုပ်သားကူညီရေးလုပ်ဆောင်သူတစ်ဦးကဆိုသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်မှ ယခု ၂၀၂၂ ခုနှစ် ဧပြီလကုန်အထိ ကေအန်ယူတပ်မဟာ (၆) KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီ နယ်ခြားစောင့်တပ် (BGF) တို့ ကြားနှစ်ဖက်စ စ်ရေး တင်းမာမှုများ ကြောင့် လေးကေ့ကော်၊ ဖလူလေး၊ ဖလူးကြီး၊ မင်းလက်ပံ ကျေးရွာများမှရွှေ့ပြောင်း လုပ်သား (၁၀၀၀) နီးပါး မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးသို့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူများလည်းဖြစ်သည်။

ဗီဒီယိုများ