မာန်အောင်တွင် လင်မယားနှစ်ဦး ရန်ဖြစ်ရာမှ ဇနီးဖြစ်သူအသတ်ခံရ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဒိုးတန်းကုန်းကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်က လင်မယားချင်း စကားများရန်ဖြစ်ကြရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသည်ဟု မြို့နယ်ရဲစခန်းက သိရသည်။

By အောင်ကောင်းဇော် 24 Mar 2020

အောင်ကောင်းဇော် | DMG
မတ်လ ၂၄ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဒိုးတန်းကုန်းကျေးရွာတွင် မတ်လ ၂၃ ရက်နေ့၊ ည ၁၀ နာရီအချိန်က လင်မယားချင်း စကားများရန်ဖြစ်ကြရာမှ ဓားဖြင့်ခုတ်သတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးသွားသည်ဟု မြို့နယ်ရဲစခန်းက သိရသည်။

ယောက်ျားဖြစ်သူ ဦးသိန်းဖေသည် ဇနီးနှင့်ရန်ဖြစ်ကြရာ ဓားဖြင့် (၆)ချက်ခုတ်မှုကြောင့် ဇနီးဖြစ်သူမှာ ပါးအောက်၊ လည်ပင်းစသည့်နေရာတွင် ဓားဒဏ်ရာများရရှိသွားပြီး ယင်းနေရာတွင် သေဆုံးသွားသည်ဟု မြို့နယ်ရဲစခန်းမှ ဂတ်စာရေး ဇော်ဝင်းမြင့်က ပြောသည်။

“ည ၁၀ နာရီလောက်မှာ သူတို့စကားများတယ်လို့ ပြောတယ်။ အဲဒီမှာ လင်ဖြစ်သူ ဦးသိန်းဖေက နှီးထိုးနေတယ်။ အဲဒီဓားနဲ့ ခုတ်သတ်တာလို့ သိရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အဆိုပါသေဆုံးသူ ဒေါ်စိုးရီအား မာန်အောင်မြို့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဦးသိန်းဖေကိုလည်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်။

၎င်းကို  ရာဇတ်သတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ မြို့နယ်ရဲစခန်းတွင် သားဖြစ်သူက အမှုဖွင့်လှစ်ထားကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရသည်။

ဗီဒီယိုများ