ရခိုင်မှာပထမဆုံး အကြိမ်အဖြစ်ကျင်းပသည့် MISTER AND MISS TEEN Ethnic Tourism 2022 ပြိုင်ပွဲကြီးမှာ ဆုရရှိသူများကိုဆုချီးမြှင့်

ရခိုင်ပြည်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် MISTER AND MISS TEEN Ethnic Tourism 2022 ပြိုင်ပွဲကြီးကို ယမန်နေ့ မေလ ၁၃ ရက်နေ့က Akyab Stars မှကျင်းပခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။

14 May 2022

DMG ၊ မေလ ၁၄

ရခိုင်ပြည်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် MISTER AND MISS TEEN Ethnic Tourism 2022 ပြိုင်ပွဲကြီးကို ယမန်နေ့ မေလ ၁၃ ရက်နေ့က Akyab Stars မှကျင်းပခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။

ပြိုင်ပွဲ၌ဆုရရှိသူများမှာ MISTER TEEN Ethnic Tourism 2022 ၏ Winner ဆုကိုမောင်ဖြိုးခန့်ကျော်၊ LITTLE MISTER TEEN WINNR ဆုကို မောင်ခိုင်ကောင်းကျော် တို့ကရရှိခဲ့ပြီး ၊ MISS TEEN Ethnic Tourism 2022 ၏ Winner ဆုကို မခိုင်ဆွေဇင်သိန်း နဲ့ LITTLE MISS TEEN WINNR ဆုကို မမေဘရဏီအောင် တို့ကအသီးသီးရရှိခဲ့ကာ Winner ဆုကို ငွေကျပ် ၇ သိန်းနဲ့ Little Teen Winner ဆုကို ငွေကျပ် ၃ သိန်းစီဖြင့်ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

MISTER AND MISS TEEN Ethnic Tourism ပြိုင်ပွဲသည် AKYAB STARS Arts and Takents Centre မှမူပိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတဝန်းရှိ တိုင်းရင်းသားဒေသအသီးသီးမှာ ခရီးသွားခြင်းလုပ်ငန်းများကို ပိုမိုပြီးတွင်ကျယ်လာစေဖို့အတွက် ကျင်းပရခြင်းဖြစ်သည်ဟု Akyab Stars တည်ထောင်သူ ကိုစံသာက ပြောသည်။

ပြိုင်ပွဲကြီးမှာ MISTER AND MISS ဦးရေစုစုပေါင်း ၁၇ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်တွေကိုလည်းခေါ် ယူရသည့်အပိုင်းမှာ အခက်ခဲရှိသည်ဟုလည်း သိရသည်။

ဗီဒီယိုများ