- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
စစ်တွေမြို့ မိဇံရပ်ကွက်ရှိ မြေကွက်တစ်ကွက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် အငြင်းပွားမှုဖြစ်ပေါ်နေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ မြေကွက်တစ်ကွက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခြံစည်းရိုးခတ်လိုက်သောကြောင့် မြို့ပေါ် ဒေသခံများနှင့် ယင်းလုပ်ငန်းရှင်ကြား အငြင်းအပွားမှုဖြစ်ပေါ်နေသည်။
13 Feb 2020
မျိုးသီရိကျော် | DMG
ဖေဖော်ဝါရီ ၁၂၊ စစ်တွေ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ မြေကွက်တစ်ကွက်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခြံစည်းရိုးခတ်လိုက်သောကြောင့် မြို့ပေါ် ဒေသခံများနှင့် ယင်းလုပ်ငန်းရှင်ကြား အငြင်းအပွားမှုဖြစ်ပေါ်နေသည်။
အဆိုပါနေရာကို ယခင် စစ်အစိုးရလက်ထက်က အများပြည်သူများအပန်းဖြေရန်နှင့် စစ်တွေမြို့ကမ်းနားလမ်း သာယာလှပရေးအတွက် ပြည်သူပိုင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခြံစည်းရိုးခတ်လိုက်သည်ဟု စစ်တွေမြို့မိ၊မြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ပြောသည်။
“စစ်တွေမြို့ကမ်းနားလမ်းလှပသာယာရေးအတွက် ဒီမှာနေတဲ့လူတွေကို နှင်ထုတ်ခဲ့တဲ့အတွက် တစ်ချို့လူတွေဆိုရင် လျှော်ကြေးတောင်းနေတုန်း။ စိစစ်နေဆဲအဆင့်သဘောပဲရှိတယ်။ အခုလုပ်ငန်းရှင်ကို ဘယ်သူက ချပေးလိုက်မှန်းမသိဘူး” ဟု ၎င်းကဆိုသည်။
သုံးဧကခန့်ရှိသည့် အဆိုပါ မြေနေရာတွင် ရခိုင်ရိုးရာယဉ်ကျေးမှုပွဲတော်များ ကျင်းပကြသလို အများပြည်သူအပန်းဖြေသည့် နေရာတစ်ခုဖြစ်နေသောကြောင့် ယင်းနေရာကို ပြည်သူပိုင်မြေအဖြစ် လိုအပ်သည်ဟု စစ်တွေမြို့ ရခိုင်ရိုးရာထိန်းသိမ်းဖော်ဆောင်ရေးအဖွဲ့ဝင် ဦးမောင်စိန်ဦးက ပြောသည်။
ယင်းမြေကို အများပြည်ပိုင်သူမြေအဖြစ် ပြန်လည်ရရှိရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြို့မိ၊မြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ စာပို့တောင်းဆိုမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
“ဒီကိစ္စကို ဝန်ကြီးချုပ်ကို တင်ပြသွားမယ်။ အဆင်မပြေရင် ပြည်ထောင်စုအစိုးရအထိ စာတင်ပြီးတောင်းဆိုသွားမယ်” ဟု ဦးမောင်စိန်ဦးက ဆိုသည်။