CDM လုပ်ဆောင်သည့် မြောက်ဥက္ကလာပမှ ရဲမှူးနေအိမ် ချိတ်ပိတ်ခံရ

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဘဲ CDM လုပ်ဆောင်နေသည့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ရဲမှူး၏ နေအိမ်ကို ချိတ်ပိတ်ခံလိုက်ကြောင်း ရဲအသိုင်းအဝန်းထံမှသိရသည်။

08 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၈

စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဘဲ CDM လုပ်ဆောင်နေသည့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ရဲမှူး၏ နေအိမ်ကို ချိတ်ပိတ်ခံလိုက်ကြောင်း ရဲအသိုင်းအဝန်းထံမှသိရသည်။

ရဲမှူး တင်မင်းထွန်းမှာ ရန်ကုန်တိုင်းဒေသကြီး သတင်းရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းယူပြီးနောက် ၎င်းက CDM လုပ်ဆောင်ခဲ့သည်။

CDM လုပ်ဆောင်သည့် ရဲမှူး တင်းမင်းထွန်းမှာ ၎င်း၏နေအိမ်ကိုပိတ်၍ တိမ်းရှောင်နေသဖြင့် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်ကို လာရောက်ချိတ်ပိတ်ခဲ့သည်။
ချိတ်ပိတ်ခံရသည့် နေအိမ်မှာ မြောက်ဥက္ကလာပမြို့နယ် (စ)ရပ်ကွက်၊ သန္တာ(၄)လမ်းတွင် တည်ရှိသည်။

စစ်ကောင်စီလက်ထက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာရှိများနှင့် အခြားအဆင့်တပ်ဖွဲ့ဝင်များမှာ CDM လုပ်ဆောင်လျှက်ရှိသည်။

ဗီဒီယိုများ