မောင်တောက မြိုအမျိုးသမီးနှစ်ဦးကို (၆)ရက်ကြာသည့်တိုင် ရှာမတွေ့သေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သုပဏ္ဏက ကျေးရွာအုပ်စု၊ ဘောင်းရွာမှ ပျောက်ဆုံးနေသည့် မြိုအမျိုးသမီးနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရှာဖွေနေသော်လည်း (၆)ရက်ကြာသည်အထိ မတွေ့ရှိသေးကြောင်း ကျေးရွာတာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

By ချလူးအောင် 18 Mar 2020

သေဆုံးသူ မဆောင်ပေါင်း၏ရုပ်အလောင်းကို မီးသဂြိုလ်နေစဉ်။ (ဓာတ်ပုံ - ချလူးအောင်)

ချလူးအောင် | DMG
မတ်လ ၁၈၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ သုပဏ္ဏက ကျေးရွာအုပ်စု၊ ဘောင်းရွာမှ ပျောက်ဆုံးနေသည့် မြိုအမျိုးသမီးနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရှာဖွေနေသော်လည်း (၆)ရက်ကြာသည်အထိ မတွေ့ရှိသေးကြောင်း ကျေးရွာတာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

ဘောင်းရွာမှ အမျိုးသမီးသုံးဦးသည် မတ်လ ၁၃ ရက်နေ့က ကျေးရွာအနီးရှိ တောင်ယာသို့ ဟင်းသွားရှာစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မဆောင်ပေါင်း ဆိုသည့် အမျိုးသမီး၏အလောင်းကို လည်ပင်းတွင်ဓားခုတ်ဒဏ်ရာများဖြင့် ယင်းနေ့ညနေပိုင်းက ရွာအနီးတောအုပ်တွင် တွေ့ရှိခဲ့သော်လည်း တခြားအမျိုးသမီးနှစ်ဦးကို ရှာမတွေ့သေးပေ။

ထိုသို့ရှာမတွေ့သောကြောင့် ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ ရက်လည်ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ကြောင်း ကျေးရွာတာဝန်ခံက ပြောသည်။

“ဘယ်လိုမှရှာမတွေ့နိုင်တော့ဘူး။ နယ်စပ်ခြံစည်းရိုးနားတစ်လျှောက်ပါ လိုက်ရှာပြီးပြီ။ ဒါကြောင့် ရှာဖွေမှုကိုရပ်တန့်ပြီး ဒီနေ့ရက်လည်ဆွမ်းကျွေးကြပါတယ်။ နောက်ဆက်ပြီး ရှာဖွေမှုတွေတော့ လုပ်ဖို့စီစဉ်ထားကြပါတယ်” ဟု ၎င်းကဆိုသည်။

၎င်းအမျိုးသမီးနှစ်ဦးအား သွားရောက်ရှာဖွေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက် နယ်ခြားစောင့်အရာရှိတစ်ဦးမှာ မတ်လ ၁၄ ရက်နေ့က ဆင်နင်းခံရ၍ သေဆုံးသွားသည်။

မဆောင်ပေါင်း၏ အလောင်းကို မတ်လ ၁၅ ရက်နေ့က မောင်တောမြို့တွင် မီးသဂြိုလ်ခဲ့ပြီး ဆင်နင်းခံရသည့် နယ်ခြားစောင့်တပ်မှ ဒုရဲအုပ်ကျော်ဦးလှိုင်ကို မတ်လ ၁၆ ရက်နေ့တွင် သဂြိုလ်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ