မွတ်ဆလင်များကို အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်နေကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို ရက္ခိုင့်တပ်တော်(ULA /AA)၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားခဲ့သည်။

15 Aug 2021

DMG ၊ သြဂုတ် ၁၅

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်ဆလင်များကို ရက္ခိုင့်တပ်တော်(ULA /AA)၏ အုပ်ချုပ်ရေးဆိုင်ရာနေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားခဲ့သည်။

မွတ်ဆလင်များကို အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများနှင့် ဥပဒေဆိုင်ရာသင်တန်းများပေးရန် စီစဉ်နေကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“အုပ်ချုပ်ရေးတွေမှာ သူတို့(မွတ်ဆလင်)တွေကို ပါဝင်လာဖို့ပေါ့။သူတို့ကို ကျနော်တို့ရဲ့ အုပ်ချုပ်ရေးကဏ္ဍာတွေ၊ ရဲလုပ်ငန်းတွေမှာပါဝင်လာဖို့အတွက် မှန်းထားတယ်။ပြီးရင် အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းတွေ၊ စီမံအုပ်ချုပ်ဖို့ အတွက် နည်းလမ်းတွေ၊ဥပဒေဆိုင်ရာသင်တန်းတွေပေးဖို့ စီစဉ်နေကြတယ်။ဒါတွေက တစ်ဆင့်ပြီး တစ်ဆင့် လုပ်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

AA ၏ ရဲသင်တန်းများတွင်လည်း မွတ်ဆလင်များကို ခေါ်ယူပြီး သင်တန်းပေးရန်အတွက် ကြိုးစားနေသော် လည်း ယခုနှစ်ပိုင်းတွင် ကိုဗစ်ရောဂါများကြောင့် အခက်အခဲရှိနေသည့်အတွက် ကြန့်ကြာမှုများရှိနေ သည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ယင်းအပြင် လူ့အခွင့်အရေးလှုပ်ရှားသူဟု အမည်ခံထားသည့် ပုဂ္ဂိုလ်များသည် ပြည်တွင်းအခြေအနေများကို မစုံစမ်းဘဲ ဘာသာရေးခံစားချက်အပေါ်မူတည်ပြီး တစ်ဖက်သက်ပြောဆိုခြင်းသည် နှစ်ဖက်ယုံကြည်မှုနှင့် သင့်မြတ်ရေးကို အတားအဆီးဖြစ်စေကြောင်း ဆိုသည်။

“အပြင်မှာရှိနေတဲ့လူ့အခွင့်အရေးလှုပ်ရှားသူလို့နာမည်ခံထားတဲ့ ပုဂ္ဂိုလ်တွေ ပြည်တွင်းရဲ့ အခြေအနေမှန်တွေ ကို မစုံစမ်း၊တစ်ဖက်သက်ပြောတာနဲ့ ဘာသာရေးခံစားချက်တွေအပေါ်မှာ မူတည်ပြီး လှုံဆော်တာတွေဟာ ပြည်တွင်းမှာနေတဲ့ မွတ်ဆလင်တွေနဲ့ အခက်အခဲဖြစ်စေတယ်။နှစ်ဖက်ယုံကြည်မှုနဲ့ သင့်မြတ်ရေးကို ကြိုးစား နေတာတွေမှာ အတားအဆီးဖြစ်စေတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် မင်းပြားမြို့နယ်၊လက်မ(မွတ်စလင်)ကျေးရွာကို AA တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဝင်ရောက်ကာ ရွာသားများထံမှ ဆပ်ကြေးကောက်ခံပြီး ဆပ်ကြေးပေးရန်ငြင်းဆန်သည့် ကျေးရွာသား ၁၂ ဦးကို အစားအစာ မပေးဘဲ ဗလီအတွင်းပိတ်လှောင်ထားခဲ့ကြောင်း ဗြိတိန်အခြေစိုက် မွတ်စလင်များ အရေး တက်ကြွ လှုပ်ရှားနေသည့် Burma Campaign (UK) က သြဂုတ် ၂ ရက်နေ့တွင် စွပ်စွဲထုတ်ပြန်ခြင်းများ ရှိခဲ့သည်။

အဆိုပါ လက်မ(မွတ်စလင်)ကျေးရွာတွင် ဖြစ်ပွားသော ခိုးဆိုးလုယက်မှုများမှာ ရပ်ရွာရှိလူကြီးများအနေ ဖြင့်တာဝန်ယူဖြေရှင်းနိုင်ခြင်းမရှိတော့၍ ၎င်းကိစ္စများအားဖြေရှင်းပေးရန် AA ထံ အကူညီတောင်းခံခဲ့ ခြင်းဖြစ် ကြောင်း မင်းပြားမြို့နယ်နှင့်မြောက်ဦးမြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီက ဩဂုတ် ရ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးများကို အကာအကွယ်ယူပြီး ရာဇာဝတ်ဂိုဏ်းသားများ၊အကြမ်းဖက်သမားများအား အကာ အကွယ်ပေးခြင်းကို AA အနေဖြင့် လုံးဝလက်ခံနိုင်စရာမရှိဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

“ ကျနော်တစ်ခုသတိပေးလိုတာက ဘာသာရေးနဲ့လူ့အခွင့်အရေးတွေဟာ ရာဇာဝတ်ဂိုဏ်းသားတွေအတွက် ခိုလှုံရာအတွက်မဖြစ်သင့်ဘူး။ကျနော်တို့နားလည်တယ်၊အစ္စလာမ်ဘာသာရဲ့ ကြီးကျယ်မှုတွေ ၊တရားမျှတ မှုတွေကို ကျနော်တို့လည်းစားတယ်။လူ့အခွင့်အရေးတွေကို အကာအကွယ်ယူပြီး ရာဇာဝတ်ဂိုဏ်း သားတွေ၊ အကြမ်းဖက်သမားတွေကို အကာကွယ်ပေးတာက လုံးဝလက်ခံနိုင်စရာမရှိဘူး”ဟု သူကပြောသည်။

ရက္ခိုင့်တပ်တော်(ULA / AA) အနေဖြင့် မြေပြင်အခြေအနေတွင် မွတ်ဆလင်များနှင့်လည်း သေသေချာချာ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူများလုံခြုံရေးဆိုင်ရာကိစ္စများကို လုပ်ဆောင်မှုများရှိနေသည့်အတွက် မြေပြင် အခြေအနေနှင့် အွန်လိုင်းတွင် ဖြစ်နေတဲ့အခြေအနေမှာ မတူညီကြောင်း AA ကဆိုသည်။

ဓါတ်ပုံ - AA 

ဗီဒီယိုများ