မြောက်ဦးက ကျောင်းအုပ်များကို စွမ်းရည်မြှင့် သင်တန်းပေးမည်

မြောက်ဦးမြို့နယ်မှ အထက်တန်း၊ လယ်တန်း၊ မှုလတန်း အခြေခံပညာ ကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြှင့်မားရေးအတွက် မွမ်းမံသင်တန်းများပြုလုပ်မည်ဟု မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

By DMG 12 Mar 2021

DMG ၊ မတ်လ ၁၂

မြောက်ဦးမြို့နယ်မှ အထက်တန်း၊ လယ်တန်း၊ မှုလတန်း အခြေခံပညာ ကျောင်းအုပ်ကြီးများ၏ စွမ်းရည်မြှင့်မားရေးအတွက် မွမ်းမံသင်တန်းများပြုလုပ်မည်ဟု မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ကြီးများ၏ မွမ်းမံသင်တန်းကို ယခု မတ်လ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ၊ မူလတန်းကျောင်းအုပ်ကြီးများ၏ မွမ်းမံသင်တန်းကို ယခု မတ်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ နည်းပြများဖြင့် စနစ်တကျပြုလုပ်သွားမည်ဖြစ်သည်။

ထို့ကြောင့် အထက်တန်းနှင့် အလယ်တန်း တာဝန်ခံကျောင်းအုပ်ကြီးများအားလုံးသည် ယခု မတ်လ ၁၆ ရက်နေ့တွင် ရုံးချိန်အတွင်း မြို့နယ်ပညာရေးမှူးရုံးသို့ သတင်းပေးပို့ရမည်ဖြစ်ပြီး မူလတန်းကျောင်းအုပ်များနှင့် တာဝန်ခံကျောင်းအုပ်များသည်လည်း ယခု မတ်လ ၂၃ ရက်နေ့တွင် သတင်းပေးပို့ရမည်ဖြစ်သည်။

အဆိုပါ မွမ်းမံသင်တန်းများကို မြောက်ဦးမြို့ အထက (၂) တွင် သင်ကြားပေးမည်ဖြစ်ပြီး စွမ်းရညမြှင့်မားရေး မွမ်းမံသင်တန်းစာအုပ်ကို တစ်ပါတည်း ယူဆောင်လာရမည်ဟု သိရသည်။

ဗီဒီယိုများ