- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မြောက်ဦးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ ကျန်ကလေး ၄ ဦးဒဏ်ရာရ
ယနေ့ မတ်လ (၆) ရက်၊ နံနက်ပိုင်းက ပေါင်းတုတ်ကျေးရွာအုပ်စုမှ ကလေး(၅)ဦးသည် ပေါင်းတုတ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲကာ ထိခိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှင်ချူးကပြောသည်။
06 Mar 2020
နှင်းနွယ် | DMG
မတ် ၆ ၊ မြောက်ဦး
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(မွတ်စလင်)ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ မတ်လ (၆) ရက်၊ နံနက်ပိုင်းက ပေါင်းတုတ်ကျေးရွာအုပ်စုမှ ကလေး(၅)ဦးသည် ပေါင်းတုတ်ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင် နွားကျောင်းနေစဉ် မိုင်းပေါက်ကွဲကာ ထိခိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပေါင်းတုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရှင်ချူးကပြောသည်။
“သူတို့တွေက နွားကျောင်းပြီးလို့ တစ်နေရာမှာ စုပြီးထိုင်နေကြတာ။ အဲဒီအချိန်မှာ သူတို့ထိုင်နေတဲ့နေရာနဲ့ မနီးမဝေးကနေ ပေါက်ကွဲတာဖြစ်တယ် ” ဟု ဦးရှင်ချူးက DMG ကို ပြောသည်။
ထိုသို့ပေါက်ကွဲမှုကြောင့် ပေါင်းတုတ်ကျေးရွာမှ အသက်(၁၂)နှစ်အရွယ် မောင်မိုးချေမှာ ၎င်းနေရာတွင် သေဆုံးသွားခဲ့သည်။ ၎င်းနှင့်အတူရှိနေသည့် ပေါင်းတုတ်ကျေးရွာမှ မောင်အာဒူချုပ်ကို ၁၁နှစ်၊ ဘလုံတောင်ကျေးရွာမှ မောင်အာဒူမော်တလိတ် ၁၄ နှစ်၊ မောင်မန့်ရှား ၁၁ နှစ်နှင့် မောင်အာဂျော်မောင်ကမ်း ၁၁ နှစ်တို့မှာ ကျောကုန်း၊ လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာအသီးသီးရရှိသွားခဲ့သည်။
သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား ကျေးရွာတွင်းသို့ယူဆောင်ထားပြီး ယနေ့ သဂြိုလ်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ဒဏ်ရာရရှိသူ (၄)ဦးထဲမှ ပေါင်းတုတ်ကျေးရွာနေ မောင်အာဒူချုပ်မှာ မြောင်းဘွေဆေးရုံ၌ ဆေးကုသမှုခံယူ နေပြီး ကျန်(၃)ဦးမှာ အနီးအနားကျေးရွာဖြစ်သည့် လောင်းကြက်ကျေးရွာတွင် ဆေးကုသမှုခံယူနေကြောင်း ဦးရှင်ချူးက ပြောသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး တပ်မတော်ပြောခွင့်ရသူများထံ မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိ ခဲ့ပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားသေဆုံးမှု (၁၃၀)ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၀၀)ကျော် အထိရှိလာနေကြောင်း ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၏ စာရင်းအရသိရသည်။