မြောက်ဦးမှာ ကိုယ်ထူကိုယ်ထ ရေပေါ်သင်္ကြန် လှေစီးပွဲကျင်းပ

မြောက်ဦးမြို့မှာ ရေပေါ်သင်္ကြန် လှေစီးပွဲ ဒေသအခေါ် လောင်းစီးပွဲကို ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ကစပြီး မနက်ဖြန် မေလ ၂၉ ရက်နေ့အထိ ကိုယ်ထူကိုယ်ထ ကျင်းပနေကြပါတယ်။

28 May 2021

ဓါတ်ပုံ - သူရိန်စိုး

]DMG ၊ မေ ၂၈

မြောက်ဦးမြို့မှာ ရေပေါ်သင်္ကြန် လှေစီးပွဲ ဒေသအခေါ် လောင်းစီးပွဲကို ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ကစပြီး မနက်ဖြန် မေလ ၂၉ ရက်နေ့အထိ ကိုယ်ထူကိုယ်ထ ကျင်းပနေကြပါတယ်။

ပုံမှန်ဆိုရင် ဒီလှေစီးပွဲဟာ မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်း၊ ထုက္ကံ၊ အံတော်သိမ် ဘုရား ဗုဒ္ဓပူဇနိယပွဲတော်မှာ ပူးတွဲကျင်းပတဲ့ လှေစီးပွဲလည်း ဖြစ်ပါတယ်။ အဲဒါအပြင် လှေပြိုင်ပွဲ ဒေသအခေါ် ပြိုင်လောင်းပြိုင်ပွဲနဲ့ ကျင် အားကစားတစ်မျိုးကိုလည်း ထည့်သွင်းကျင်းပပါတယ်။ ရှေးဟောင်းသမိုင်းဝင် သျှစ်သောင်းဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့မှာ စတင်ကျင်းပလေ့ရှိပြီး သုံးရက် သို့မဟုတ် ၅ ရက်အထိ ကြာမြင့်ပါတယ်။

၂၀၁၈ မတိုင်မီက သျှစ်သောင်းဘုရားပွဲကို စည်စည်ကားကား ကျင်းပနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်း ဒေသတွင်းမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ မကျင်းပနိုင်ခဲ့တာဟာ ဒီနှစ်အထိဖြစ်ပါတယ်။ ပုံမှန်ဆို သျှစ်သောင်းဘုရားဂေါပကအဖွဲ့နဲ့ မြို့အုပ်ချုပ်သူတွေက ဦးစီးဦးဆောင်ပြီး ကျင်းပေးတာဖြစ်ပါတယ်။ ဒါ့ပေမယ့် ဒီနှစ်မှာတော့ တိုက်ပွဲတွေမရှိပေမယ့်လည်း

ဦးစီးဦးဆောင်ကာ စည်စည်ကားကား ကျင်းပပေးမယ့်သူမရှိတဲ့အတွက် ဒေသခံလူငယ်တွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ လှေစီးပွဲ ဒေသအခေါ် လောင်းစီးပွဲကို ကျင်းပနေကြတာဖြစ်ပါတယ်။

ဗီဒီယိုများ