ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်တဝက်လျော့ချ

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏သတင်းစာဖြစ်သော မြန်မာ့အလင်းတွင်ဖော်ပြသည်။

12 Feb 2022

Photo - Online

DMG ၊ ဖေဖော်ဝါရီ ၁၂

နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီ၏သတင်းစာဖြစ်သော မြန်မာ့အလင်းတွင်ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို စစ်တပ်မှအာဏာသိမ်းခဲ့သော ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် NLD ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် စစ်တပ်မှပြန်လည်လွှတ်ပေးခဲ့ပြီး ရက်ပိုင်းတွင် ထပ်မံထိန်းသိမ်းခဲ့ကာ ဘားအံမြို့နယ်အထူးတရားရုံးတွင် ရာဇတ်သတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၅ နှင့် ရာဇတ်သတ်ကြီးပုဒ်မ-၁၃၀(က)တို့ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့က ထောင်ဒဏ်နှစ် ၈၀ ချမှတ်ခဲ့သည်။

စစ်တပ်မှအာဏာသိမ်းယူခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်မှာ ထောင်ဒဏ်အမြင့်ဆုံးချမှတ်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုမှုကိုခံထားရသူ(၈၁၄)ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၄၀၁၊ ပုဒ်မခွဲ(၁)ဖြင့် ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်) ပြည်ထောင်စုနေ့တွင် သက်ဆိုင်ရာအကျဉ်းထောင်များမှ လွှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဗီဒီယိုများ