စစ်တွေဆေးရုံကြီးတွင် သူနာပြုတချို့ အလုပ်မဆင်း

ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ်  ခြိမ်းခြောက်ဆဲမှု၊ ပြစ်တင်ဝေဖန်သည့်ပို့စ်များ ပေါ်ထွက်လာပြီး နောက်ပိုင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ သူနာပြုတချို့မှာ အလုပ်မဆင်းကြတော့ဟု သိရသည်။

21 Jul 2021

DMG ၊ ဇူလိုင် ၂၁

ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ်  ခြိမ်းခြောက်ဆဲမှု၊ ပြစ်တင်ဝေဖန်သည့်ပို့စ်များ ပေါ်ထွက်လာပြီး နောက်ပိုင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ သူနာပြုတချို့မှာ အလုပ်မဆင်းကြတော့ဟု သိရသည်။

ဆေးရုံထဲတွင် လူနာရှင်များက တာဝန်ကျသူနာပြုများကို ဆဲဆိုနေသည့် ဗွီဒီယိုဖိုင် တစ်ခုလည်း လူမှုကွန်ရက်တွင်ပျံ့နှံ့လာခဲ့သည်။

ယင်းသို့ပျံ့နှံ့လာပြီးနောက်တွင် အလုပ်မဆင်းကြတေ့ာဘဲ တာဝန်ကျ သူနာပြုဆရာမများအား တောင်းပန်ပြီးမှသာ အလုပ်ဆင်းမည်ဖြစ်ကြောင်း အလုပ်မဆင်းဘဲနေသည့် သူနာပြုတစ်ဦးက ပြောသည်။

“သူများတွေဆင်းလား မဆင်းလားတော့မသိဘူး။ သမီးကတော့မဆင်းဘူး။ မဆင်းတာကတော့ လိုင်းပေါ်မှာ မြင်တဲ့အတိုင်းပါပဲ စော်ကားနေကြတာတွေ။ စော်ကားတာတွေ မရပ်မချင်းတော့ ဒီအတိုင်းပဲနေသွားမယ်။ ဆရာမတွေရဲ့ တန်ဖိုးကိုနားလည်စေချင်တာပါ။” ဟု အမည်မဖေါ်လိုသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေဆေးရုံကြီးအတွင်းမှာ သူနာပြုအရေတွက်မည်မျှ အလုပ်မဆင်းသည်ကို DMG အနေဖြင့် သီးခြားအတည်ပြု နိုင်မှုမရှိသေးပေ။

ဗီဒီယိုများ