စစ်ကောင်စီက ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခဲ့ခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတိုးတက်ဖြစ်ထွန်းမှုကို နောက်ပြန်ဆုတ်စေကြောင်း PPST ထုတ်ပြန်

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းခဲ့ခြင်းသည် ပြည်ထောင်စု၏ ဒီမိုကရေစီအသွင်ကူးပြောင်းတိုးတက် ဖြစ်ထွန်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

05 Aug 2021

DMG ၊ သြဂုတ် ၅

စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို ဖျက်သိမ်းခဲ့ခြင်းသည် ပြည်ထောင်စု၏ ဒီမိုကရေစီအသွင်ကူးပြောင်းတိုးတက် ဖြစ်ထွန်းမှုဖြစ်စဉ်ကို နောက်ပြန်ဆုတ်စေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

ရွေးကောက်ပွဲအပေါ်၌ အခြေခံပြီး ဖြေရှင်းရမည့်အနေအထားမှာ စစ်ကောင်စီက ယခုကဲ့သို့ ရွေးကောက်ပွဲလဒ် ကိုဖျက်သိမ်းလိုက်ခြင်းသည် နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရန် အဟန့်အတားဖြစ်စေသည် ဟု ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း ပြောသည်။

“နိုင်ငံရေးဘောင်ကို ချယ်ဖို့လိုအပ်တဲ့အနေအထားမှာ ရွေးကောက်ပွဲနိုင်ငံရေးပေါ်လူထုကရဲ့ ယုံကြည်မှုကိုလည်း ဖြတ်သန်းခဲ့ရပြီပေါ့။အဲဒီလိုဖြတ်သန်းခဲ့ရတဲ့အနေအထားပေါ်မှာမှုတည်ပြီး ရွေးကောက်ပွဲနိုင်ငံရေးအပေါ်မှာ လူထု ရဲ့ယုံကြည်မှုဟာလည်း လျော့ပါးသွားနိုင်တယ်” ဟု ရဲဘော်မျိုးဝင်းက ဆိုသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေ၏ ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက် ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီကခန့်အပ်ထားသော ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိသည့်ကိစ္စများ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ပြီးစီးမည်ဖြစ်ကြောင်း အာဏာ သိမ်းမှုခြောက်လပြည်သည့် သြဂုတ်  ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။

၂၀၀၈ အခြေ ခံဥပဒေပါ အရေးပေါ်ကာလပြဌာန်းချက်များအရ ပထမတစ်နှစ်နှင့် နောက်ထပ် ခြောက်လ နှစ်ကြိမ် (စုစုပေါင်း ၂ နှစ်) သာ အာဏာရယူနိုသည့် သတ်မှတ်ချက်များအပေါ် လိုက်နာမည်ဖြစ်ပြီး ထိုကာလကျော် လွန်ပါက ရွေးကောက်ပွဲအတွက် နောက်ထပ် ခြောက်လအချိန်ယူရမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ရွေးကောက်ပွဲပြန်ကျင်းပ၍ အနိုင်ရပါတီကို နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းမှုခြောက်လပြည့်နေ့ မိန့်ခွန်းစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“နောက်ထပ်ရွေးကောက်ပွဲဆိုတာထက် အခု ၂၀၂၀ ရွေးကောက်ပွဲကြောင်းဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ် အတည်းကို ဘယ်လိုရှင်းမလဲဆိုတာဟာ ပိုပြီးတော့ အလေးထားပြီးဖြေရှင်းရမယ့်ပြဿာနာဖြစ်တယ်။ နောက် ထပ်နှစ်နှစ်ဆိုတာထက် တိုင်းပြည်မှာ လက်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ လူမှုရေး၊ ကိုဗစ်ပြဿာနာတွေကို ဦးစားပေးဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌ ရဲဘော်မျိုးဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ သြဂုတ်လ ၄ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံး ၉၄၆ ဦးနှင့် ဖမ်းဆီးခံရသူ ၅၄၉၅ ဦးအထိရှိကြောင့် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် အာဏာသိမ်းမှု ၆ လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုများက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မရပ်တန့်ဘဲ ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိသည်။

အခြားတစ်ဖက်မှာလည်း စစ်တပ်ကအာဏာသိမ်းမှုကို လက်မခံသည့်အတွက် မြန်မာနိုင်ငံအတွင်းက မြို့နယ် များတွင် ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး ရရာလက်နက်များကိုဆွဲကိုင်ကာ စစ်ကောင်စီကိုတော်လှန် တိုက်ခိုက်နေကြသည်။

ဗီဒီယိုများ