အရပ်သားပြည်သူများအား ထိခိုက်နစ်နာသည့် လုပ်ရပ်များကို ရပ်ဖို့လိုကြောင်း သမ္မတရုံးဆို

မြေပြင်တွင် အပြစ်မဲ့ အရပ်သားပြည်သူ များ အား ထိခိုက်နစ်နာသည့် လုပ်ဆောင်ချက် များကို  ရက္ခိုင့်တပ်တော် AA အနေဖြင့် ရပ်ဆိုင်းရန် လိုအပ်ကြောင်း ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

23 Oct 2020



ခင်သရဖီဦး ၊ DMG
အောက်တိုဘာလ ၂၃၊ စစ်တွေ

မြေပြင်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ထိခိုက်နစ်နာသည့် လုပ်ဆောင်ချက် များကို  ရက္ခိုင့်တပ်တော် AA အနေဖြင့် ရပ်ဆိုင်းရန် လိုအပ်ကြောင်း ယနေ့ပြုလုပ်သည့် သမ္မတရုံးသတင်း စာရှင်းလင်းပွဲတွင် သမ္မတရုံ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

 “  မြေပြင်မှာ အပြစ်မဲ့ အရပ်သားပြည် သူတွေ ထိခိုက်နစ်နာတဲ့ လုပ်ရပ်တွေ ရပ်ဖို့လိုတယ်။အထူးသဖြင့် ရခိုင်မှာဆိုရင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတာ ထက်ဝက်ခန့်ရှိတယ်။ နောက် ပြည်သူတွေမှာလည်း ကျီးလန့်စာ စားနေရတဲ့ အနေအထာတွေရှိတယ် ”ဟုသမ္မတရုံပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ထို့အတူ AA အနေဖြင့် မည်သည့်နည်းလမ်းက ရခိုင်ပြည်နယ် အတွက် သင့်တော်သည့်ကို ဆုံးဖြတ်ရန် လိုအပ်ပြီး ဆုံးဖြတ်ချက် မပြုလုပ်နိုင်ပါက မြေပြင် အခြေအနေပေါ်တွင် ပြဿနာပိုမို ကြီးထွားလာ နိုင်ကြောင်း ၎င်း ကဆက်၍ ဆိုသည်။

 “အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်။ အဲဒီတော့ AA ခေါင်းဆောင်တွေအနေနဲ့ တကယ်တွေ့ ဆုံးဆွေး နွေးပြီး အဖြေရှာတဲ့ ငြိမ်းချမ်း ရေးလမ်း စဉ်တွေကို တကယ်လိုလားသလား ၊ မလိုဘူးလား သူတို့ ကိုယ်တိုင် ပြန် ဆန်စစ်ဖို့လိုတယ်။ ဆန်စစ်ပြီးတဲ့အခါ ဘယ်နည်းလမ်းက ရခိုင်ပြည်နယ်အတွက်ကော ပြည် ထောင်စု အတွက် ကော ကောင်းမွန်မလဲဆိုတာကို သူတို့ ဆုံးဖြတ်ဖို့လိုတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ပြဿနာတွေ ပိုကြီးထွား  လာ မယ်၊ မြေပြင်အခြေအနေပေါ်မူတည်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးမူတွေက ပိုပြီးခက်ခဲလာလိမ့်မယ်”ဟု ဦးဇော်ဌေး က ပြောသည်။

ရက္ခိုင်တပ်တော် AA  ကမူ အစိုးရနှင့်စစ်တပ်၏ အမြစ်ပြတ်ချေးမူန်းရေးထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲ၍ ခုခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိရင်ဆိုင်နေရသည် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ်မည်ဟု ယုံကြည့်သည့်အတွက် ဖြစ်ပွားနေသည့် စစ်ပွဲများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ က ထုတ်ပြန်ထားသည်။  

ဦးဇော်ဌေးက  AA အနေဖြင့် ပြည်ပအဖွဲ့စည်းများနှင့် ပူပေါင်းလုပ်ဆောင်ခြင်း၊ ကူညီပေးခြင်းများကို ရပ်ဆိုင်းရန်လိုအပ်ပြီး ကိုယ့်ပြည်ထောင်စုသားအချင်းချင်း၊ ကိုယ့်ပြည်နယ်က အစိုးရများ၊ ပြည်နယ်အင်းအားစုများ၊ ပြည်ထောင်စု အင်အားစုများနှင့် အတူ ပူးပေါင်းရေးကို ရှေ့ရူဦးတည်သင့်သည်ဟုလည်း ပြောဆိုခဲ့သည်။

 ရခိုင်ပြည်နယ်တွင် နယ်မြေဒေသ မလုံခြုံသည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲလုံးဝ မပြုလုပ်နိုင်သည့် မြို့နယ် ၉ မြို့နယ်နှင့် မြို့နယ် ၄ မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စုအချို့မှာ မပြုလုပ်နိုင် ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ  ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင် နှစ်သိန်းခြောက်ထောင် ကျော်ရှိနေပြီး နှစ်ဖက်တိုက်ပွဲကြောင့်သော်လည်းကောင်း၊ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တပ်မတော်က လက်နက်ကြီး ၊လက်နက်ငယ်တို့ဖြင့် ပစ်ခတ်၍လည်း ကောင်း အရပ်သားသေဆုံးသူ ၃၀၀ကျော်ရှိကြောင်း REC မှသိရသည်။

ထို့အပြင် တပ်မတော်က သံသယဖြင့်ဖမ်းဆီးထားသူ ၈၀၀ ကျော်ရှိနေကြောင်း ယင်း REC မှသိရသည်။

ဗီဒီယိုများ