ရခိုင်ရှိ စစ်ဘေးရှောင်များအတွက် Colourless အသင်းမှ အရံဆန်များစုထား

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် Colourless လူမှုကူညီရေးအသင်းမှ အရံဆန်များစုထားပြီး ပုံမှန်ထက် ပိုမိုအခက်အခဲရှိလာလျှင် လှူဒါန်းသွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

By မျိုးသီရိကျော် 06 Jul 2020

မျိုးသီရိကျော် | DMG
ဇူလိုင် ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် Colourless လူမှုကူညီရေးအသင်းမှ အရံဆန်များစုထားပြီး ပုံမှန်ထက် ပိုမိုအခက်အခဲရှိလာလျှင် လှူဒါန်းသွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများတွင် အစိုးရ၊ ပရဟိတနှင့် လူမှုကူညီရေးအသင်းများမှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာ ပြတ်လပ်ပြီး အခက်အခဲများ ကျရောက်ချိန်တွင်လှူဒါန်းရန်အတွက် ယင်းအရံဆန်များကို စုထားခြင်းဖြစ်ကြောင်း Colourless လူမှုကူညီရေးအသင်းမှ မမိချိုက DMG သို့ ပြောသည်။

“တကယ့်ကို လိုအပ်နေတဲ့နေရာတွေကို အဓိကလှူဒါန်းထားပါတယ်။ လိုအပ်လာချိန် လှူဒါန်းလို့ရအောင် အတွက်လည်း ဆန်အိတ်တွေဝယ်ပြီး လှောင်ထားပါတယ်။ ကိုယ်တိုင်မသွားနိုင်ရင်တော့ နယ်ဖက်က ပရဟိတ လူငယ်တွေနဲ့ချိတ်ဆက်ပြီး လှူဒါန်းပါတယ်”ဟု မမိချိုကဆိုသည်။

လက်ရှိရခိုင်ပြည်နယ်တွင် အရံဆန်အိတ် (၄၅၀)ရရှိထားကာ ရသေ့တောင်တွင် (၂၀၀)အိတ်၊ မင်းပြား (၁၅၀)အိတ်၊ ပုဏ္ဏားကျွန်း (၁၀၀)အိတ်တို့ကိုသိုလှောင်ထားပြီး ယင်းဆန်များကို ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက အလှူရှင်များက လှူဒါန်းထားခြင်းလည်းဖြစ်ကြောင်း သိရသည်။  

Colourless အသင်းအနေဖြင့် ရခိုင်အပါဝင် တခြားတိုင်းရင်းသားဒေသများမှ စစ်ဘေးရှောင်စခန်းများ တွင်လည်း လှူဒါန်းမှုများရှိခဲ့ကြောင်း သိရသည်။

“ရခိုင်တစ်ခုတည်း လှူတာတော့မဟုတ်ဘူးပေါ့နော်။ အခြားတိုင်းရင်းသားတွေကိုလည်း လှူပါတယ်။ လိုအပ် နေတယ်လို့ပြောလာရင်တော့ အကုန်လုံးကို လှူပါတယ်”ဟု မမိချိုကပြောသည်။

ဗီဒီယိုများ