“ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိ”သတင်းများမှာ “သတင်းမှား”သာဖြစ်

လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ရခိုင်ပြည်နယ်အစိုးရပေါ့ဆမှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” နှင့် “ရခိုင်ပြည်နယ်အစိုးရကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” ဟူသည့် ခေါင်းစီးနှစ်ခုဖြင့် သတင်းမှားတစ်ခု ပျံ့နှံ့လျက်ရှိသည်။

29 Jan 2020

လတ်တလော Facebook လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “ရခိုင်ပြည်နယ်အစိုးရပေါ့ဆမှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” နှင့် “ရခိုင်ပြည်နယ်အစိုးရကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး” ဟူသည့် ခေါင်းစီးနှစ်ခုဖြင့် သတင်းမှားတစ်ခု ပျံ့နှံ့လျက်ရှိသည်။

ရခိုင်ပြည်နယ်အစိုးရပေါ့ဆမှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး ခေါင်းစီးပါသတင်းကို kalawnaryisin.com ဆိုသည့် Blog မှာ တင်ထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရကွယ်ဝှက်မှုကြောင့် ဝူဟန်ဗိုင်းရပ်စ်ကူးစပ်လူနာ ၁ ဦး သေဆုံး ခေါင်းစီးပါသတင်းကို justnowmm.com Blog တွင် တင်ထားသည်ကို တွေ့ရသည်။

ယင်းအကြောင်းအရာများကို လေ့လာကြည့်ရာ မိမိတို့ DMG သတင်းဌာနက ရေးသားထားသည့် အမ်းမြို့နယ်တွင် ကလေး(၅၀)ဦးခန့်ဖျားနေပြီး ဆေးလာကုသည့် (၄)ဦးကို ဝက်သက်သံသယလူနာဟု ဆေးရုံကသတ်မှတ် ဆိုသည့် သတင်းကို ခေါင်းစီးပြောင်းပြီး တင်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ခေါင်းစီးမှလွဲ၍ သတင်းတစ်ပုဒ်လုံးကို ကူးယူဖော်ပြထားသည်သာမက DMG Logo ပါသည့် ဓာတ်ပုံကိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီး ၎င်းတို့၏ Logo များကို ရေးထိုးထားသည် တွေ့ရသည်။

မိမိတို့ဌာနက ရေးသားခဲ့သည့် သတင်းတွင် အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကလေး (၅၀)ဦးခန့် ဖျားနာနေပြီး ယင်းအထဲမှ ကလေး (၄)ဦးကို ကျောက်ဖြူခရိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေသည်။ ယင်း(၄)ဦးကို “ဝက်သက်သံသယလူနာ”က ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံက သတ်မှတ်ထားသည်။ ဝက်သက်သံသယလူနာ (၄)ဦးအနက် တစ်ဦးသေဆုံးသွားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဌာနများကို DMG ၏ စုံစမ်းမှုအရ ရခိုင်တွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခြင်း မရှိသေးပေ။ သို့သော် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

ယခုကဲ့သို့ မိမိတို့သတင်းဌာနမှ သတင်းများကို ကူးယူပြီး ပြည်သူများထိတ်လန့်စေမည့် သတင်းအသွင် ဖန်တီးခြင်းများကို နောက်နောင်မပြုလုပ်ကြရန် သတိပေးအပ်သည်။

ဗီဒီယိုများ