ရမ်းဗြဲမြို့ ရမ္မာဝတီရိုးရာလှေလှော်ပြိုင်ပွဲ စတင်ကျင်းပ

ရမ်ဗြဲမြို့နယ် ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ဒေသအခေါ် လှီပြိုင်ပွဲ စတင်ကျင်းပသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရးကော်တီမှ သိရသည်။

27 May 2021

DMG ၊ မေ ၂၇

ရမ်ဗြဲမြို့နယ် ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ဒေသအခေါ် လှီပြိုင်ပွဲ စတင်ကျင်းပသည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရးကော်တီမှ သိရသည်။

အဆိုပါ ရမ္မာဝတီရိုးရာလှေပြိုင်ပွဲကို မေလ ၂၇ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်လှေအသင်း ၂၀ ရှိသည်ဟု ပြိုင်ပွဲကျင်းပရေးဗဟိုကော်မတီဝင် ဦးထွန်းနိုင်က ပြောသည်။

"လှေအစီး ၂၀ ရောက်တယ်။ ဒီနေ့ မနက် ၉ နာရီမှာ စတင်ကျင်းပတယ်။ လှေလှော်ပြိုင်ပွဲဝင်အသင်းတွေကို  ပထမအဆင့်၊ ဒုတိယအဆင့် လှေလှော်အသင်းဆိုပြီးတော့ ၂ ဖွဲ့ ခွဲခြားထားတယ်။ ပထမတန်းမှာ ပါဝင်ယှဉ်ပြိုင်သည့် လှေ ၉ စီးရှိမယ်။ ဒုတိယတန်းမှာ ပါဝင်ယှဉ်ပြိုင်သည့် လှေ ၁၁ စီး ရှိမယ်။ အရင် နှစ်တွေထက် အစီးရေတိုးတယ်" ဟု သူက ဆိုသည်။

ယင်းကဲ့သို့ ပထမအဆင့်၊ ဒုတိယအဆင့် ခွဲခြားထားခြင်းမှာ ယခင်က ဆုရဖူးသည့်အသင်းများကို ပထမအဆင့်၊ ဆုမရဖူးသေးသည့်အသင်းများကို ဒုတိယအဆင့် သတ်မှတ်ကာ အင်အားမျှမျှ ယှဉ်ပြိုင်နိုင်ရန် ခွဲခြားထားခြင်းဖြစ်သည်။

ဆုကြေးများမှာ ပထမတန်းအဆင့် ပထမဆု - မောင်းတစ်လုံး၊ ရွှေလောင်းတစ်စီး၊ ငွေသား ၇၀၀၀၀၀ သိန်း၊ ဒုတိယ - ငွေသား ၆၀၀၀၀၀၊ တတိယ - ၅၀၀၀၀၀ ဖြစ်ပြီး ဒုတိယတန်းအဆင့် ဆုကြေးများမှာ ပထမဆု - မောင်းတစ်လုံး၊ ရွှေလောင်းတစ်စီး၊ ငွေသား ၆၀၀၀၀၀၊ ဒုတိယ - ၅၀၀၀၀၀၊ တတိယ - ၄၀၀၀၀၀ စီသတ်မှတ်ထားသည်။

ဒုတိယတန်းအဆင့်တွင် ပါဝင်ယှဉ်ပြိုင်သည့် အောင်ဆိပ်လှေလှော်အသင်းမှ ကိုမောင်ချေက " ဆုကတော့ ပထမဆုကို ရမယ် မှန်းထားတယ်။ ကြိုးလဲ ကြိုးစားထားတယ်။ လတ်တလောကြီး လှေလှာ်ပြိုင်ပွဲအတွက် ပြင်ဆင်ရတယ်ဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ လှော်တဲ့အခါ ညီညီညာညာဖြစ်ဖို့လည်းလိုတယ်" ဟု ပြောသည်။

ပထမအဆင့်လှေလှော်အသင်းတွင်း ကင်းတဲလှေလှော်အသင်း၊  အင်းတောင်လှေလှော်အသင်း၊ လက်ပံလှေလှော်အသင်း၊  အဝတောင်လှေလှော်အသင်း၊  မရွှတ်ချိန်လှေလှော်အသင်း (၁)၊ မရွှတ်ချိန်လှေလှော်အသင်း (၂)၊   မရွှတ်ချိန်လှေလှော်အသင်း (၃) နှင့် တိန်ပြင်လှေလှော်အသင်းတို့ ဖြစ်သည်။

ဒုတိယအဆင့်လှေလှော်အသင်းတွင် တန်းနားပြင်ဗျာလကြီးလှေလှော်အသင်း၊ တန်းနားပြင်ဗျာလချေလှေလှော်အသင်း၊ ကျက်သရေလှေလှော်အသင်း (၁)၊ ကျက်သရေလှေလှော်အသင်း (၂)၊ အရှေ့ဖက်ဇုံတိုက်နယ်လှေလှော်အသင်း၊ အမှတ်(၁)လှေလှော်အသင်း၊ အမှတ်(၂)လှေလှော်အသင်း၊ အမှတ်(၃)ပုတင်းစုလှေလှော်အသင်း၊ အောင်ဆိတ်လှေလှော်အသင်း၊ အောင်စေတီလှေလှော်အသင်း၊ လောင်းချောင်းလှေအသင်း၊ ညာင်ပင်လှလှေလှော်အသင်းတို့ ဖြစ်သည်။

ရမ်းဗြဲမြို့တွင် ရမ္မာဝတီရိုးရာလှေလှော်ပြိုင်ပွဲ ဒေသအခေါ် ရမ္မာဝတီရိုးရာလှီလှော်ပြိုင်ပွဲကို မြောက်ဦးခေတ်ကနေ အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြိုင်ပွဲကိုမကျင်းပနိုင်တော့ဘဲ ၁၉၄၈ ခုနှစ်စတင်ကာ ပြန်လည်ကျင်းပလာခဲ့ရာ ၂၀၀၇ မှာ တစ်ကြိမ်ရပ်တန့်ခဲ့ရသည်။

ယင်းအပြင် ၂၀၁၅ ခုနှစ်မှစတင်ကာ လှေလှော်ပြိုင်ပွဲကို ပြန်လည်ကျင်းပလာခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရပ်နားခဲ့ပြီး ယခုတဖန် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း လှေပြိုင်ပွဲကော်မတီဝင်များက ပြောဆိုကြသည်။

ဗီဒီယိုများ