အနိုင်ရ ရခိုင်ပါတီများအား ဂုဏ်ယူဝမ်းမြောက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ထုတ်ပြန်

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အနိုင်ရရှိသွားသည့် ရခိုင်ပါတီများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ နိုင်ဝင်ဘာ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

By ဉာဏ်ဟိန်း 20 Nov 2020

ဉာဏ်ဟိန်း|DMG
နိုဝင်ဘာ ၂၀ ၊ စစ်တွေ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အနိုင်ရရှိသွားသည့် ရခိုင်ပါတီများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ နိုင်ဝင်ဘာ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP) မှ (၁၅)ဦး ၊ ရခိုင့်ဦးဆောင်ပါတီ(AFP) မှ (၃) ဦးတို့မှာ အမျိုးသား၊ ပြည်သူ့နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တို့တွင် အနိုင်ရရှိသွားခဲ့ကြသည်။

ရခိုင်ပြည်နယ်အကျိုးကို ဆောင်ရွက်ရမည့် ရခိုင်ပါတီများအနေဖြင့် ယခုလို အနိုင်ရရှိသွားသဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ရခြင်းဖြစ်သည်ဟု (ALD) ပါတီမှ ပြောရေးဆိုခွင့်ဆိုသူ ဦးဦးလှမြင့်က ပြောသည်။

“ပြည်သူက ယုံကြည်လို့ မဲပေးတော့ သူတို့ပါတီတွေ အနိုင်ရသွားတာပေါ့၊ ပြည်သူ့က ကျနော်တို့ထက်လုပ်နိုင်ဖို့ ထင်လို့မဲပေးတဲ့အတွက် ကျနော်တို့ကလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ထုတ်ပြန်ရတာပါ”ဟု ၎င်းက ဆက်၍ ဆိုသည်။

သို့ဖြစ်၍ ရခိုင်ပြည်သူတို့က ရခိုင်ပြည်၏ အနာဂတ်အတွက် အားကိုးအားထားပြုကြသော ထိုပါတီများမှ ရခိုပြည်သူများ၏ အကျိုးဆန္ဒကို ကျေပွန်စွာ ထမ်းရွက်နိုင်ရန် ဆုတောင်းကြောင်း ALD ထုတ်ပြန်ချက်မှာ ဆိုထားသည်။

အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) ပါတီမှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ် တို့၌ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မှာ ၄ နေရာ၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ၆ နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မှာ ၁၀ နေရာစသည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရှိခဲ့ပေ။

ရခိုင်အမျိုသားပါတီ(ANP) မှ ပြည်သူ့ လွှတ်တော် ၄ နေရာ၊အမျိုးသားလွှတ်တော် (၄)နေရာနှင့် ပြည်နယ်လွှတ်တော် (၇)နေရာစုစုပေါင်း (၁၅) နေရာ အနိုင်ရရှိခဲ့ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP)က ပြည်သူ့လွှတ်တော် (၁) နေရာ နှင့် ပြည်နယ်လွှတ်တော် (၂) နေရာ စုစုပေါင်း ၃ နေရာ အနိုင်ရရှိခဲ့သည်။

ဗီဒီယိုများ