ဇူလိုင် ၁၇ရက်နေ့မှ ၂၅ရက်နေ့အထိ ရုံးပိတ်ရက်များသတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံရှိ အစိုးရရုံးများကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင်လ ၁၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

By ှ 14 Jul 2021

DMG | ဇူလိုင် ၁၄

ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံရှိ အစိုးရရုံးများကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင်လ ၁၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဇူလိုင်လ ၁၇ ရက်၊ ၁၈ရက်သည် စနေ၊ တနင်္ဂနွေဖြစ်ကြောင်း ဇူလိုင် ၁၉ရက်သည်နေ့သည် အာဇာနည်နေ့ဖြစ်ကြောင်း၊ ဇူလိုင်လ ၂၁ရက် နေ့သည် အီဒုလ်အဿွဟာ(ကူရ်ဘာနီအီးဒ်)နေ့ဖြစ်ကြောင်း၊ ဇူလိုင် ၂၃၊ ၂၄၊ ၂၅ရက်တို့သည် ဝါဆိုလပြည့်နေ့နှင့် စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များဖြစ်ကြသည့်အတွက် ကြားရက်များကို အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် ပုဒ်မ ၂၅အရ ကြေညာကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကြေညာချက်ကို ယနေ့ဇူလိုင်လ ၁၄ရက်နေ့ ည (၈)နာရီသတင်းတွင်ထည့်သွင်းကြေညာသွားကြောင်း ကိုလည်း သိရသည်။

ယင်းကဲ့သို့ အများပြည်သူရုံးပိတ်ရက်ရှည်ပိတ်ခြင်းမှာ ကိုဗစ်ကာလအတွင်း လူစုလူဝေးကို ရှောင်ရှားစေရာ ရောက်စေနိုင်ကြောင်း ကျောက်ဖြူမြို့နယ်မှ အမျိုးသားသူနာပြုတစ်ဦးဖြစ်သူ ကိုခန့်ငြိမ်းကေ်္ကာ ပြောကြားသည်။

“အခုလို ရုံးပိတ်ရက်ရှည်သတ်မှတ်လိုက်တဲ့အတွက် အဓိကကတော့ လူစုလူဝေးမဖြစ်တော့ဘူးပေါ့။ ကိုယ့်အိမ်မှာပဲ Home Stay နေတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ ကိုဗစ် ထိန်းချုပ်ရေးအတွက်လည်း အကျိုးသက်ရောက်မယ်လို့ မြင်ပါတယ်။ အခြားဝန်ထမ်းတွေအနေနဲ့ အနားရပေမယ့် ကျွန်တော်တို့ ကျန်းမာရေးထန်ထမ်းတွေကတော့ အမြဲရှိနေမှာပါ” ဟု ၎င်းကဆိုသည်။

 ဇူလိုင် ၁၃ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ၉၉၇ဦး၊ ဆေးရုံမှ ဆင်းခွင့်ရလူနာ ၁၉၆ဦးနျင့် သေဆုံးသူဦးရေ ၁၉ ဦးအထိရှိလာပြီဖြစ်ကြောင်း စာရင်းများအရ သိရသည်။

ဗီဒီယိုများ