ပုဂ္ဂလိက အောင်ဆီဂျင်စက်ရုံများကို မထိန်းချုပ်ဟု ရခိုင်စစ်ကောင်စီ ဆုံးဖြတ်

မြို့နယ်အလိုက် တည်ဆောက်ကြမည့် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တွေ့ဆုံပွဲတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

23 Jul 2021

ဓါတ်ပုံ - သိကြား စေချင် ငွေသဇင်

DMG ၊ ဇူလိုင် ၂၃

မြို့နယ်အလိုက် တည်ဆောက်ကြမည့် ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများကို ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တွေ့ဆုံပွဲတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ဆောက်ရွက်နေသူများအား ယခုလက်ရှိ အခြေအနေတွင် အောက်ဆီဂျင်ပေးရန် လိုအပ်သော ဆေးရုံများရှိ ပို့စတေ့လူနာများနှင့် ပို့စတေ့စင်တာများရှိ လူနာများအတွက် အချိန်မီပေးနိုင်ရေး ခရိုင်/မြို့နယ် အောက်ဆီဂျင် စီမံခန့်ခွဲမှုကော်မတီများမှ စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် ထိန်းချုပ်နေခြင်းမဟုတ်ကြောင်း နားလည်သဘောပေါက်အောင် သေချာရှင်းလင်းပြောကြား ဆောင်ရွက်သွားရန်ဟု ယင်းတွေ့ဆုံအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

လူမှုကွန်ရက်မီဒီယာများမှ မသေချာမရေရာသော သတင်းများ၊ အပြုသဘောမဆောင်သော သတင်းများ ဖော်ပြနေမှုများကို စိစစ်ပြီး လိုအပ်ပါက ပထမအဆင့် ခေါ်ယူအသိပေးပြောကြား ဆောင်ရွက်သွားရန်နှင့် သိလိုသည်များ မရှင်းမလင်းသည်များအား သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်ကြားပေးသွားရန်ဟုလည်း ရခိုင်စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

ဗီဒီယိုများ