အကြမ်းဖက်မှုဥပဒေနှင့်တရားရင်ဆိုင်နေရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေနှင့် ခံပြသက်သေများကို စစ်ဆေးပြီးဖြစ်သည့်အတွက် လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးရန်ရှိကြောင်း ရှေ့နေထံမှသိရသည်။

29 Apr 2022

DMG ၊ ဧပြီ ၂၉

"ဒီနေ့ကတော့ ခံပြသက်သေ ၁၀ ဦးထဲက ကျန်တဲ့သက်သေတစ်ဦးကိုစစ်ဆေးခဲ့တယ်ဆိုတော့ နောက်လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့ ပြန်ပြီးရုံးချိန်းထားတယ်"ဟု
တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

၎င်းတို့နှစ်ဦးကို မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့်ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ လူမှုရေးတက်ကြွလှုပ်ရှားသူများဖြစ်ပြီး PDF နှင့်ဆက်စပ်သည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းတို့အနက် မြောက်ဦးမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

ဗီဒီယိုများ