- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ဂွမြို့နယ်တွင် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ခံရမှုဖြစ်ပွား
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီအချိန်က မီးရှို့ခံခဲ့ရကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
14 Dec 2021
DMG ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၃ နာရီအချိန်က မီးရှို့ခံခဲ့ရကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါစာသင်ကျောင်းမီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိမ်းသတ်ခဲ့သဖြင့် ၁၀ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ကျောင်း၏သစ်သားကြမ်းခင်းအနည်းငယ် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဂွမြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းနိုင်က ပြောသည်။
"မီးရှို့တဲ့သူတွေ ဘယ်သူတွေဆိုတာကို မသိဘူး။ လောလောဆယ်တော့ ရဲဌာနမှာ ထူးခြားဖြစ်စဉ်နဲ့အမှုဖွင့်ထားတယ်"ဟု ၎င်းကပြောသည်။
အဆိုပါ စာသင်ကျောင်းမီးရှို့ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းလျက်ရှိကြောင်း ဂွမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းမှသစ်သားကြမ်းခင်းကို ပြန်လည်ပြုပြင်ပြီး ယနေ့(ဒီဇင်ဘာလ ၁၄ ရက်)တွင် ကျောင်းပြန်လည်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဂွမြို့နယ်မှ ကျောင်းသားမိဖတစ်ဦးက "ကျနော့်ကလေးကတော့ အဲဒီကျောင်းမှာ တက်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ အခုလိုအေးချမ်းစွာပညာသင်ကြားချိန် ဆူပူအောင်၊ ကျောင်းသားတွေကြောက်ရွံ့အောင်၊ ကျောင်းသားမိဘတွေစိုးရိမ်အောင် မလုပ်သင့်ဘူး။ အခုဆိုကျနော်တို့ကလေးတွေအတွက် စိုးရိမ်နေရပြီ"ဟု ပြောသည်။
ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးတွင် ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဂွမြို့နယ်အတွင်းမှစာသင်ကျောင်းများကို ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့မှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
လက်ရှိမှာ ဂွမြို့နယ်အတွင်း စာသင်ကျောင်းမီးရှို့ခံရမှုဖြစ်လာသည့်အတွက် ဆူပူမှုတစ်စုံတစ်ရာဖြစ်ကာ ကျောင်းများပြန်ပိတ်သွားမည်ကို စိုးရိမ်ကြောင်းလည်း ကျောင်းသားမိဘများကပြောဆိုကြသည်။
အခြေခံပညာအတန်းများကို မတ်လအတွင်းနှင့် တက္ကသိုလ်ဝင်တန်းများကို ဧပြီလအတွင်း စာမေးပွဲဖြေဆိုရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဂွမြို့နယ်အတွင်းတွင် အခြေခံပညာစာသင်ကျောင်းစုစုပေါင်း (၁၄၀)ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား/သူဦးရေ (၁၀၇၄)ဦးရှိခဲ့ကြောင်း ဂွမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။