ရခိုင်ပြည်အတွင်း မျက်စိ၊ ကျောက်ကပ် ဝေဒနာရှင်များကို အခမဲ့ဆေးကုပေးနေသည့် ရွှေကရုဏာ ဖောင်ဒေးရှင်းတွင် အလှူရှင်များလိုအပ်နေ

ရခိုင်ပြည်အတွင်းက မျက်စိအတွင်းတိမ်ဝေဒနာရှင်များ၊ ကျောက်ကပ်ဝေဒနာရှင်များကို ကျောက်ကပ်သွေးသန့်စင်ပေးမှုများ၊  နှလုံးအထူးကုများနှင့် အထွေထွေလူနာများကို အခမဲ့ဆေးကုသပေးနေသည့် ရွှေကရုဏာဖောင်ဒေးရှင်းတွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲရှိများရှိနေသည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

24 Jun 2021

DMG ၊ ဇွန် ၂၄

ရခိုင်ပြည်အတွင်းက မျက်စိအတွင်းတိမ်ဝေဒနာရှင်များ၊ ကျောက်ကပ်ဝေဒနာရှင်များကို ကျောက်ကပ်သွေးသန့်စင်ပေးမှုများ၊  နှလုံးအထူးကုများနှင့် အထွေထွေလူနာများကို အခမဲ့ဆေးကုသပေးနေသည့် ရွှေကရုဏာဖောင်ဒေးရှင်းတွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲရှိများရှိနေသည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူများထံမှ သိရသည်။

ရွှေကရုဏာဖောင်ဒေးရှင်မှ ဖွင့်လှစ်ထားသည့် ရွှေကရုဏာစေတနာဆေးခန်း၏ တစ်လကုန်ကျေငွေမှာ ကျပ် သိန်းတစ်ရာနီးပါး ရှိသည်ဟု ဖောင်ဒေးရှင်းဘဏ္ဍာရေးမှူး ဦးမောင်စံရွှေက ပြောသည်။

“ရွှေကရုဏာ စေတနာဆေးခန်းရဲ့ တစ်လကုန်ငွေဟာ သိန်း ၁၀၀ နီးပါးရှိတယ်။ အဓိကအခက်ခဲကတော့ အခုအချိန်မှာ လူနာတွေကလည်း များလာတယ်၊ နောက်ပြီးတော့ ဆေးဈေးနူန်းတွေကလည်း တက်လာတဲ့အတွက် ငွေရေး၊ ကြေးရေးတွေအခက်ခဲရှိတဲ့အတွက် အလှူရှင်တွေလိုအပ်နေပါတယ်” ဟု ပြောည်။

ရွှေကရုဏာဆးခန်းကို အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ပြီးတော့ နံနက် (၁၀:၃၀) ကနေ ညနေ (၄:ဝဝ) အထိ လူနာများကို ဆေးကုသမှုပြုလုပ်ပေးနေခြင်းဖြစ်သည်။

ရွှေကရုဏာဆေးခန်းတွင် ယခင်က ရခိုင်ပြည်နယ်မှာ လုံးဝမရှိသေးသည့် ကျောက်ကပ်သွေးသန့်စင်ဌာနလည်းရှိပြီး ကျောက်ကပ်သွေးသန့်ဇင်စက် မရှိသည့်အချိန်တုန်းကဆိုလျှင် အခက်ခဲများနှင့် ကြုံခဲ့ရကြောင်း ဌာနတာဝန်ခံ သူနာပြုဆရာမ ဒေါ်သန်းရွှေက ပြောသည်။

“အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ သိပ်အခက်ခဲမရှိဘူး။ အဓိကလူနာတွေမှာ ငွေးရေး၊ ကြေးရေးတွေက အခက်အခဲရှိတယ်။ ကျောက်ကပ်ဝေဒနာရှင်တွေက တစ်ပတ်ကို ၂ ကြိမ်စစ်ရတယ်၊ ၁ ကြိမ်စစ်ရင် ငွေသုံးသောင်းခွဲနှုန်း ပေးသွင်းရတယ်။ အဲဒါက ဆေးဝါးအတွက်ပါ။ တချို့လူနာတွေ အဲဒီငွေကို မတတ်နိုင်လို့ အသေခံသွားတာတွေရှိတယ်” ဟု ပြောသည်။

ကျောက်ကပ်သွေးသန့်စင်ဌာနကို ၂၀၁၉ နှစ်ကုန်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး အစပိုင်းမှာ စရိတ်မျှပေးပုံစံဖြင့် ငွေကြေးယူဆောင်ကာ အလှူငွေရရှိမှုအပေါ်မူတည်၍ အခမဲ့အဖြစ်ပြောင်းလဲနိုင်အောင် စီစဉ်ထားကြသော်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခံများကြောင့် ကျောက်ကပ်ဝေဒနာရှင်များမျ ဆေးဝါးဖိုးကို သွင်းနေကြရသေးသည်။

ရွှေကရုဏာ စေတနာဆေးခန်းတွင် ဆေးကုသမှုခံယူနေသည့် စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှ ဦးဦးဘကျော်ကတော့ “ ဦးလေးဖြစ်တာက ဆီးချိုဖြစ်တာပါ၊ ဒီမှာဆေးခန်းလာပြရတာကောင်းတယ်။ ဦးလေးကတော့ တစ်ပတ်မှာ တစ်ခါလာပြတယ်။ ဒီမှာဆေးကုနေတဲ့ ဆရာဝန်တွေကလည်း ဆက်ဆံရေးကောင်းတယ်။ ကျန်းမာရေးလည်း အရင်ကထက်သက်သာလာပါတယ်” ဟု ပြောသည်။

ရွှေကရုဏာဖောင်ဒေးရှင်းစေတနာဆေးခန်းကို မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာမိုးကျော်က စတင်ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကော်မတီအဖွဲ့ဝင် (၂၅) ဦးနှင့် လုပ်ဆောင်နေကြောင်း သိရသည်။

ဗီဒီယိုများ