ပြည်ထောင်စုထဲတွင် ညီအစ်ကိုဟုပြောဆိုသော်လည်း လက်တွေ့မဆန်သည်ကို တွေ့ရကြောင်း ရခိုင်လွှတ်တော်ဥက္ကဋ္ဌပြော

"ငါတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဆိုတဲ့ မာနမျိုး၊ ငါတို့အဖွဲ့က ပြည်သူတွေထောက်ခံမှု ရထားတယ်ဆိုတဲ့မာနမျိုး ဒီမာနတွေကိုလျှော့ချပြီး စကားပြောဖို့ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့လိုအပ်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။ ဆင်းရဲတွင်းထဲမှာ ကျနော်တို့ညီအစ်ကိုတွေ အတူတူနေပြီး ရန်ဖြစ်နေတော့မလား။

By ဘုန်းဝေယံဟိန်း 03 Jan 2020

ဘုန်းဝေယံဟိန်း | DMG
ဇန်နဝါရီ ၃၊ စစ်တွေ

ပြည်ထောင်စုထဲတွင် ညီအစ်ကိုဟု ပြောဆိုနေကြသော်လည်း လက်တွေ့တွင် ညီအစ်ကို မဆန်သည်များကို ထင်သာမြင်သာတွေ့နေရသည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဇန်နဝါရီလ (၂)ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှု မရှိသရွေ၊ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်သရွေ့ ယခုကဲ့သို့ဖြစ်နေမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတည်ငြိမ်းအေးချမ်းရန်အတွက် တိုင်းရင်းသားများမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများ ယခုထက်ပိုမိုရရှိရန် လိုအပ်သည်ဟု ဦးစံကျော်လှက ပြောသည်။

“ ကျနော်တို့အားလုံးက ဆွေးနွေးဖို့လိုအပ်ပါတယ်။ ငါတို့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဆိုတဲ့ မာနမျိုး၊ ငါတို့အဖွဲ့က ပြည်သူတွေထောက်ခံမှု ရထားတယ်ဆိုတဲ့မာနမျိုး ဒီမာနတွေကိုလျှော့ချပြီး စကားပြောဖို့ ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့လိုအပ်နေပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်တော့ပါဘူး။ ဆင်းရဲတွင်းထဲမှာ ကျနော်တို့ညီအစ်ကိုတွေ အတူတူနေပြီး ရန်ဖြစ်နေတော့မလား။ ဆင်းရဲတွင်းထဲက ရုန်းထွက်ဖို့ စုပေါင်းကြိုးစားဖို့လိုအပ်နေပါပြီ” ဟု ၎င်းကဆိုသည်။

ရခိုင်အပါအဝင် တစ်ခြားတိုင်းရင်းသားများအတွက် တန်းတူရေးနှင့်ဖက်ဒရယ်အရေးများ အပြည့်အဝရရန် လိုအပ်သည့်အတွက် တာဝန်ယူအုပ်ချုပ်သူများအနေဖြင့် တစ်ခြားတိုင်းရင်းသားများအတွက် လျှော့ပေးစရာရှိသည်များကို အသိ၊ သတိ၊ ပညာနှင့်လျှော့ပေးဖို့လိုအပ်သည်ဟုလည်း ဦးစံကျော်လှက ပြောကြားခဲ့သည်။

ဗီဒီယိုများ