ချိန်ခါလီကျေးရွာကို သက်ဆိုင်ရာအဖွဲ့အစည်းများ ဝင်ရောက်စစ်ဆေးမှု ပြီးစီး

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီးရှိ ရေကျော်တံတားအနီးတွင် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ ခန့်မှစ၍ စစ်တပ်၊ ရဲ နှင့် လ က ဝ တို့ပူးပေါင်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သည်။

By ဝင်းညွန့် 19 Oct 2019

ဝင်းညွန့် | DMG

အောက်တိုဘာ ၁၉၊ စစ်တွေ

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီးရှိ ရေကျော်တံတားအနီးတွင် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ ခန့်မှစ၍ စစ်တပ်၊ ရဲ နှင့် လ က ဝ တို့ပူးပေါင်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ပေါက်ကွဲဖြစ်ပွားမူမှာ ချိန်ခါလိန်ကျေးရွာနှင့် ၆ ဖာလုံအကွာတွင် ဖြစ်ပွားခဲ့ပြီး ယနေ့စစ်ဆေးရာတွင် ချိန်ခါလိန်ကျေးရွာအတွင်းရှိ နေအိမ်များမှ အိမ်ထောင်စုစာရင်းများကို စစ်ဆေးနေသည်ဟု ချိန်ခါလိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

“ ကျွန်တော်တို့ ချိန်ခါလိန်ရွာနဲ့ဗုံးပေါက်တဲ့နေရာဆိုရင် ၆ ဖာလုံလောက်ဝေးတယ်။ အခု ရွာသားတွေကို စစ်ဆေးပြီးခါနီးပြီ။ ရွာသူ၊ ရွာသားတွေရဲ့အိမ်ထောင်စု စရင်းတွေကိုစစ်တယ်”ဟု ၎င်းကဆိုသည်။

စစ်ဆေးစဉ်အတွင် ကျေးရွာသားများကို တစ်စုံတစ်ရာ အနှောင့်အရှက်ဖြစ်ခဲ့ခြင်းမရှိပဲ  ပြီးဆုံးသွားခဲ့ပြီး လက်ရှိအချိန်တွင် စစ်ဆေးရေးအဖွဲ့များ ပြန်သွားကြပြီဖြစ်ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

“အေးဆေးပါ။ အိမ်ထောင်စုတွေကိုမေးတယ်၊ အဝေးရောက်နေကြတာတွေကို ရန်ကုန်ဆိုရင် ရန်ကုန်မှာ ၊မလေးမှဆိုရင် မလေးမှာပေါ့။ အနှောင့်အရှက်တော့ ဘာမှမပေးပါဘူး။ ရပ်မိရပ်ဘတွေရောပဲ။ ရွာသူရွာသားတွေကိုလဲ မေးတယ်။ ပျောက်ဆုံးတာတွေရှိလားလို့ ။ အခုတော့ ပြန်သွားကြပါပြီ”ဟု ဆိုသည်။

ချိန်ခါလီကျေးရွာသည် အိမ်ထောင်စု ၁၆၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်သည်။

ဗီဒီယိုများ