စပါးရောင်း/ဝယ်ရေးလုပ်နေသည့် အမျိုးသားကို တပ်မတော်ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာက စပါးရောင်း /ဝယ်ရေးလုပ်နေသည့် ကိုညီပုကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၃)နာရီကျော်ခန့်တွင် တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ (၅) နာရီကျော်ခန့်တွင် ပြန်လွှတ်လိုက်သည်ဟု ဇနီးဖြစ်သူ မနွယ်မာသန်းက ပြောသည်။

By ဝင်းညွန့် 31 Dec 2019

ဝင်းညွန့် | DMG
ဒီဇင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာက စပါးရောင်း /ဝယ်ရေးလုပ်နေသည့် ကိုညီပုကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် (၃)နာရီကျော်ခန့်တွင် တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီး ယင်းနေ့ ညနေ (၅) နာရီကျော်ခန့်တွင် ပြန်လွှတ်လိုက်သည်ဟု ဇနီးဖြစ်သူ မနွယ်မာသန်းက ပြောသည်။

“ မနေ့က ညနေ ၆ နာရီလောက်မှာ ပြန်လွှတ်လာတယ်။ သူတို့(တပ်မတော်)က အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်လာတယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရွာကလူကြီးတွေ သွားပြီးတွေ့တော့ အပြစ်မရှိဘူးဆိုပြီးလွတ်လာတာပါ ” ဟု ၎င်းကဆိုသည်။

၎င်းကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကိုညီပုက DMG ကိုပြောသည်။

“ကျနော့်ကို ၅ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးတယ်။ ကျနော့်ကို AA လို့စွပ်စွဲတယ်။ ရွာတွေမှာ ဆပ်ကြေးကောက်တာတွေ ရှိလားလို့မေးတယ်။ ကျနော်က ဘာမရှိဘူးလို့ဖြေလိုက်တယ်။ သတ်တာ၊ ပုတ်တာတွေတော့ မရှိဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သက်သည်ဟုဆိုကာ စွပ်စွဲခံရ၍ တရားစွဲခံရသူ စုစုပေါင်း (၅၀၃)ဦးရှိကာ ယင်းအထဲမှ (၁၀)ဦးလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Related Post : မြောက်ဦးမြို့နယ်တွင် စပါးရောင်း/ဝယ်ရေးလုပ်နေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ဗီဒီယိုများ