အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ဆက်ကပ်ခံရသည့် ရွှေစေတီဆရာတော် စစ်တွေသို့ပြန်လည်ကြွရောက်လာ

အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ဆက်ကပ်ခံရသည့် ရွှေစေတီဆရာတော် ဘဒ္ဒန္တ အရိယဝံသသည် ရခိုင်ပြည်၊ စစ်တွေမြို့သို့ ယနေ့(မတ်လ ၁၂ ရက်)တွင် ပြန်လည်ကြွရောက်လာရာ တပည့်၊တကာ (၂၀၀)နီးပါးက သောင်းသောင်းဖြာဖြာကြိုဆိုခဲ့ကြသည်။

12 Mar 2022

DMG ၊ မတ် ၁၂

အဆိုပါ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားမြို့ရှိ အရှေ့ပိုင်းတက္ကသိုလ်မှ ချီးမြှင့်ခြင်းဖြစ်သည်။ ထိုသို့ဆက်ကပ်လှူဒါန်းရခြင်းမှာ ကျောင်းသား၊ကျောင်းသူများ၏  ပရဟိတပညာရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ခြင်း၊ လူသားချင်းစာနာရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်နေသဖြင့် ဆက်ကပ်ခံရခြင်းဖြစ်သည်ဟု ဆရာတော်ကမိန့်ကြားသည်။

“ဆရာတော်အနေနဲ့ကတော့ ခုလိုရခိုင်ပြည်မှာ ပညာရေး၊ လူမှုရေး၊ လူသားချင်းစာနာရေးတို့ဆောင်ရွက်နေတာကို အိန္ဒိယတက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးတာဟာ ပိုပြီးတော့ခွန်အားပြည့်တယ်လို့ ခံစားရပါတယ်”ဟု ရွှေစေတီဆရာတော်က မိန့်ကြားသည်။

ဆရာတော်သည် ရခိုင်ပြည်နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘ/က)ကော်မတီအတွင်းရေးမှူးဖြစ်ပြီး ဆရာတော်ကျောင်းထိုင်သည့် ရွှေစေတီကျောင်းတိုက်တွင်လည်း ဘ/ကကျောင်းဖွင့်လှစ်ကာ ပညာရေးအတွက် အထောက်အကူပြုနေသည်။

ဗီဒီယိုများ