စစ်တွေမြစ်တွင် စက်လှေမီးလောင်မှုကြောင့် လူတစ်ဦးဒဏ်ရာရ

စစ်တွေမြို့၊မိဇံရပ်ကွက် မြစ်ကမ်းနားတွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊နံနက် ၂ နာရီကျော်အချိန်က စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် စက်လှေပိုင်ရှင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

By ဝင်းညွန့် 25 Sep 2019

မီးလောင်ကျွမ်းနေသည့် သရက်ချောင်းကျေးရွာက စက်လှေကို မီးသတ်တပ်ဖွဲ့ဝင်များ မီးငြိမ်းသတ် နေစဉ်။ ဓာတ်ပုံ-Rakhine Fire Force

ဝင်းညွန့် / DMG

စက်တင်ဘာ ၂၅၊ စစ်တွေ

စစ်တွေမြို့၊မိဇံရပ်ကွက် မြစ်ကမ်းနားတွင် ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊နံနက် ၂ နာရီကျော်အချိန်က စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် စက်လှေပိုင်ရှင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းစက်လှေသည် မြေပုံမြို့နယ်၊သရက်ချောင်းကျေးရွာကဖြစ်ပြီး  စက်နိုးစဉ် စက်ခန်းအတွင်း ပစ္စည်းများထား သည့် စင်ပေါ်မှ ဓာတ်ဆီဘူးမှောက်ကျပြီး စက်အပူ ရှိန်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ယင်းစက်လှေရှိ အမျိုးသား (၅)ဦးအနက် စက်လှေ ပိုင်ရှင် မီးလောင်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

“ အဲဒီလူ ၅ယောက်မှာ စက်လှေပိုင်ရှင်က ထိခိုက်ဒဏ်ရာရသွားတယ်။ တခြားလူတွေကတော့ ထိခိုက်မူမရှိဘူး။ အခုတော့ စက်လှေပိုင်ရှင်ကို စစ်တွေဆေးရုံမှာ ဆေးကုသနေပါတယ်”ဟု စစ်တွေမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုဦးစီး ဦးဆန်းဝင်းက ပြောသည်။

မီးလောင်ကျွမ်းနေသည့် စက်လှေကို စစ်တွေခရိုင်မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်ပြီး မီးငြိမ်းသတ်ခဲ့ရာ နံနက် (၄)နာရီကျော်တွင် မီးငြိမ်းသွားသည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
 



ဗီဒီယိုများ