- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
စစ်တွေမြို့တွင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်နှင့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်ခံရ
ဒဏ်ရာရရှိသူများမှာ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးညီညီနှင့် သုံးဘီးယာဉ်မောင်း ဦးညီညီနိုင်တို့ဖြစ်သည်။ ဦးညီညီသည် ဦးဥတ္တမပန်းခြံရှေ့ အေးငြိမ်းဆေးခန်းမှ သုံးဘီးငှား၍ ကျောင်းတက်လမ်းရပ်ကွက်ရှိ မိမိနေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့တွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့် ရပ်ကွက်ဒေသခံတချို့က ပြောသည်။
05 Oct 2019
ခိုင်ရိုးလ၊ အောင်ထိန်|DMG
အောက်တိုဘာ ၅ ၊ စစ်တွေ
ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ကို အောက်တိုဘာလ (၄) ရက်နေ့၊ ညနေ (၉) နာရီကျော်အချိန်က စစ်တွေမြို့၊ကျောင်းတက်လမ်းရပ်ကွက်တွင် အမည်မသိ သေနတ်သမားနှစ်ဦးက ပစ်ခတ်လိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှ သိရသည်။
ဒဏ်ရာရရှိသူများမှာ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးညီညီနှင့် သုံးဘီးယာဉ်မောင်း ဦးညီညီနိုင် တို့ ဖြစ်သည်။ ဦးညီညီသည် ဦးဥတ္တမပန်းခြံရှေ့ အေးငြိမ်းဆေးခန်းမှ သုံးဘီးငှား၍ ကျောင်းတက်လမ်းရပ်ကွက်ရှိ မိမိနေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့တွင် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များနှင့်ရပ်ကွက် ဒေသခံတချို့က ပြောသည်။
စစ်တွေမြို့ အမှတ် ( ၁) ရဲစခန်းမှူး ဒုရဲမှူး အောင်မြဦးက “လူနှစ်ယောက်က သုံးဘီးကအဆင်းမှာ ပစ်ခတ်လိုက်တာ” ဟု ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးညီညီမှာ နှာခေါင်းအောက် ကျည်ဆံဖောက်ဝင်သွားပြီး ဦးညီညီနိုင်မှာ ဘယ်ဘက်ပေါင်တွင် ကျည်ဆံဖောက်ဝင်သွားသည်။ ဒဏ်ရာပြင်းထန်သောကြောင့် ဦးညီညီကို ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရသည်။
ယင်းပစ်ခတ်မှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁)ရဲစခန်းတွင် ပုဒ်မ ၃၀၇/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလများတွင် အရပ်သားများအပါအဝင် ရဲအရာရှိများ၊ တပ်မတော်အငြိမ်းစားများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ သေနတ်ပစ်ခံရခြင်း၊ ဓားဖြင့်သတ်ဖြတ်ခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ သို့သော် တရားခံများကို အာဏာပိုင်များက ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိပေ။
“မျက်စိနဲ့မြင်လိုက်တဲ့ပြည်သူက သတင်းပေးဖို့လိုတယ်။ ပြည်သူတွေ အကြောက်တရားနဲ့ လွှမ်းမိုးနေရင်တော့ မှန်ကန်တဲ့သတင်းတွေ ရလာမှာမဟုတ်ဘူး။ ပြည်သူကလည်း သိရင်းနဲ့ သတင်းမပေးဘူးဆိုရင်လည်း မှန်ကန်တဲ့အဖြေတွေ ပေါ်လာမှာမဟုတ်ဘူး”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက အောက်တိုဘာလ ၁ ရက်နေ့တွင် DMG ကိုပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့ အထိ အသတ်ခံရသူ (၂၆) ဦးရှိပြီဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။