စစ်တွေသို့ တခြားတိုင်းနှင့်ပြည်နယ်မှ ဝင်ရောက်လာသူများ Quarantine ဝင်ရမည်

တခြားတိုင်းနှင်ပြည်နယ်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကား၊လေကြောင်းတို့ဖြင့် ဝင်ရောက်လာသူများသည် စစ်တွေမြို့တွင် ၂၁ ရက်ကြာ Quarantine ဝင်ရမည်ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) မှ သိရသည်။

By မင်းထွန်း 25 Apr 2020

မြောက်ဦးမြို့နယ်အတွင်း Quaratine ဝင်နေရသူများအား ကျန်းမာရေးကြည့်ရှုစောင့်ရှောက်မှုများ ပြုလုပ်နေစဉ်။

မင်းထွန်း | DMG
ဧပြီ ၂၅ ၊ စစ်တွေ

 

တခြားတိုင်းနှင်ပြည်နယ်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကား၊လေကြောင်းတို့ဖြင့် ဝင်ရောက်လာသူများသည် စစ်တွေမြို့တွင် ၂၁ ရက်ကြာ Quarantine ဝင်ရမည်ဟု ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) မှ သိရသည်။

 

ယခင်က တခြားတိုင်းနှင့်ပြည်နယ်မှ ဝင်ရောက်လာသူများကို စစ်တွေမြို့တွင် Quarantine မလုပ်ဘဲ ၎င်းတို့မြို့နယ်များသို့ သွားရောက်ခွင့်ပြုခဲ့သည်။ သို့သော် ဧပြီလ ၂၅ ရက်နေ့မှစတင်ကာ ဝင်ရောက်လာသူများသည် Quarantine ဝင်ရမည်ဟု ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု AHCT ထံမှ သိရသည်။

 

“တချို့လူတွေက အိမ်ပြန်ချင်ကြတယ်၊ ထိန်းလို့မရဘူးလို့ အဲဒီလို ကျနော်တို့ဘက်က ပြောတော့ သူတို့(အစိုးရ)မှာလည်း ထုတ်ပြန်ချက်က ဒီလိုရှိတယ်။ အိမ်ကို ပြန်လို့မရတော့ဘူးလို့ပြောတယ်” ဟု AHCT အတွင်းရေးမှူး ကိုကျော်ဆန်းလှိုင်က ပြောသည်။

 

ဧပြီလ ၂၅ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် အဆိုပါလမ်းညွန်ချက်များကို မလိုက်နာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း AHCT မှ သိရသည်။

 

လက်ရှိတွင် အစိုးရက ဘုမေဝန်ထမ်းအိမ်ရာနှင့် တိုင်းရင်းဆေးရုံတွင် Facility Quarantine Center ပြုလုပ်ထားပြီး AHCT ကလည်း စစ်တွေ အ.ထ.က (၄)တွင် Community Base Quarantine Center ပြုလုပ်ထားသည်။

ဗီဒီယိုများ