သံတွဲတွင် အယောင်ဆောင် မဲပေးမှုအချို့ ဖြစ်ပွား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက် မဲရုံအမှတ်(၄) နှင့် မြပြင်ရပ်ကွက် မဲရုံအမှတ်(၃) တို့တွင် အယောင်ဆောင်မဲပေးမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါမဲရုံသို့ ရောက်ရှိနေသော DMG သတင်းထောက်က သတင်းပေးပို့သည်။

08 Nov 2020

ယနေ့ နံနက် ၅ နာရီခွဲအချိန်က တွေ့မြင်ရသော ဂျိတ္တောရပ်ကွက် မဲရုံအမှတ် (၈) မြင်ကွင်း (ဓာတ်ပုံ - မျိုးမြင့်ဇော်)

မျိုးမြင့်ဇော် | DMG
နိုဝင်ဘာ ၈ ၊သံတွဲ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက် မဲရုံအမှတ်(၄) နှင့် မြပြင်ရပ်ကွက် မဲရုံအမှတ်(၃) တို့တွင် အယောင်ဆောင်မဲပေးမှုများ ဖြစ်ပွားခဲ့ကြောင်း အဆိုပါမဲရုံသို့ ရောက်ရှိနေသော DMG သတင်းထောက်က သတင်းပေးပို့သည်။

ဂျိတ္တောရပ်ကွက်မှ မင်းကိုနိုင် ဆိုသူသည် ကြိုတင်မဲပေးပြီး ဖြစ်သော်လည်း မဲရုံ အမှတ်(၄) တွင် မဲဆန္ဒရှင် ကိုကိုနိုင် အမည်ဖြင့် လာရောက်မဲပေးခဲ့ခြင်း ဖြစ်ကြောင်း၊ အလားတူ မြပြင်ရပ်ကွက် မဲရုံအမှတ်(၃)တွင်လည်း အလားတူဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ကြောင်း သံတွဲခရိုင် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

လက်ရှိမှာ ယခုဖြစ်စဉ်အသးစိတ်ကို စိစစ်နေဆဲဖြစ်ကြောင်း၊ မဲ လိမ်ပေးသူကို သက်ဆိုင်ရာ မဲရုံမှူးက ရဲစခန်းတွင် တရားလိုအမှုဖွင့်နိုင်ကြောင်း သံတွဲခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရွေးကောက်ပွဲဥပဒေ ၅၉ (ဇ) တွင် သူတစ်ပါးအယောင်ဆောင်ပြီး ဆန္ဒမဲတောင်းခံခြင်း (သို့မဟုတ်) ကြိုတင်ဆန္ဒမဲ တောင်းခံကာ မဲပေးခြင်းပြုလုပ်ပါက ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ ငွေဒဏ် ကျပ်တစ်သိန်းအထိ ဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

သံတွဲမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၉၉၃၄၂ ဦးရှိပြီး ဂျိတ္တောရပ်ကွက်တွင် မဲရုံ (၉) ရုံ နှင့် မဲဆန္ဒရှင် ၈၅၈၉ ဦး ရှိပြီး၊ မြပြင်ရပ်ကွက်တွင် မဲရုံ (၃) ရုံနှင့် မဲဆန္ဒရှင် ၂၂၉၈ ဦးရှိကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် :

ဗီဒီယိုများ