သံတွဲမြို့နယ်တွင် ပြည်နယ်ဒုဦးစီးမှူးတစ်ဦး ရေနစ်ပျောက်ဆုံး

ရခိုင်ပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတစ်ခုက ဒုဦးစီးမှူးတစ်ဦးသည် သံတွဲမြို့အံတော်ချောင်းတွင် ဧပြီလ ၂၄ ရက်နေ့၊နေ့လယ် ၂ နာရီခွဲခန့်က ရေဆင်းကူးရာမှ ပျောက်ဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

By မျိုးမြင့်ဇော် 25 Apr 2020

ပျောက်ဆုံးနေသူကို ရှာဖွေနေကြစဉ်။(ဓာတ်ပုံ-မျိုးမြင့်ဇော်၊DMG )

မျိုးမြင့်ဇော် | DMG
ဧပြီ ၂၅ ၊ သံတွဲ

ရခိုင်ပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတစ်ခုက ဒုဦးစီးမှူးတစ်ဦးသည် သံတွဲမြို့အံတော်ချောင်းတွင် ဧပြီလ ၂၄ ရက်နေ့၊နေ့လယ် ၂ နာရီခွဲခန့်က ရေဆင်းကူးရာမှ ပျောက်ဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

သံတွဲဇာတိဖြစ်သည့် အဆိုပါ ဒုဦးစီးမှူးသည် မိမိဇာတိကို ခွင့်နှင့်လာခြင်းဖြစ်ပြီး သူငယ်ချင်းတစ်ဦးနှင့်အတူ ရေ ဆင်းကူးရာမှာ ရေနစ်ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ၎င်းကိုရှာမတွေ့သေးကြောင်းနှင့် ၎င်း၏ရာထူးနှင့် အမည်ကိုလည်း မပြောနိုင်သေးကြောင်း သံတွဲမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

၎င်းကို သံတွဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရှာဖွေနေကြသည်ကို တွေ့ရသည်။

ဗီဒီယိုများ