တောင်ကုတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စု ရွာသစ်ဈေးလေးရှေ့တွင် ဇွန် ၁၇ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ဓါတ်လိုက်၍  သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By မျိုးမြင့်ဇော် 17 Jun 2020

မျိုးမြင့်ဇော် | DMG
ဇွန် ၁၇ ၊ တောင်ကုတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စု ရွာသစ်ဈေးလေးရှေ့တွင် ဇွန် ၁၇ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ဓါတ်လိုက်၍  သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့ နှစ်ဦးမှာ ဝက်ကျိတ်ကျေးရွာနေ ဦစိန်သန်း အသက် ၃၀နှစ်နှင့် ဦးတင်ကျော်သန်း အသက် ၄၉နှစ် တို့ ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

"ကျမနဲ့ ဆွေမျိုးတော်တဲ့ မောင်လေးက ပြုတ်ကျနေတဲ့ ဓာတ်ကြိုးကိုကိုင်မိလို့ ဓာတ်လိုက်ပြီး လဲနေတာကို ကျမယောက်ျားက လဲနေတဲ့မောင်လေးကို သွားထူလိုက်တာ ကျမယောက်ျားပါ ဓာတ်လိုက်ပြီး သေသွားတယ်''ဟု ဦးတင်ကျော်သန်း၏ ဇနီးဖြစ်သူ ဒေါ်လှမေစန်း က DMG သို့ ပြောသည်။

ဓာတ်လိုက်သေဆုံး ခဲ့ကြသည့် ဦးတင်ကျော်သန်းတွင် သားငယ်နှစ်ယောက်ရှိပြီး ဦစိန်သန်း ၃၀နှစ်တွင် ကိုယ်ဝန်သည် အမျိုးသမီးနှင့် သမီးငယ်နှစ်ယောက်ရှိကြောင်း မိသားစုဝင်များထံက သိရသည်။

တောင်ကုတ်မြို့နယ် တွင် ဇွန် ၁၆ ရက်နေ့ ညက ငလျှင်လှုပ်ခတ်ခဲ့မှုကြောင့် ဓါတ်တိုင် ယိမ်းယိုင်ခဲ့ပြီး မီးကြိုးပြုတ်ကျသွားခြင့်ကြောင့်ယင်းသို့ ဓါတ်လိုက်သေဆုံးရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဗီဒီယိုများ