တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဘူးသီးတောင်ဒေသခံများ ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မန်အောင်ကျေးရွာနှင့် စက်ခေါ်ကျေးရွာအကြားတွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ၃ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

By ဝင်းညွန့် 19 Feb 2020

ဝင်းညွန့် | DMG
ဖေဖော်ဝါရီ ၁၉၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မန်အောင်ကျေးရွာနှင့် စက်ခေါ်ကျေးရွာအကြားတွင် ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ၃ နာရီကျော်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် လူများထိခိုက်မှုမရှိသော်လည်း ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်သဖြင့် မာန်အောင်ကျေးရွာတွင် နေအိမ် (၂)လုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများထံက သိရသည်။

စက်ခေါ်ကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော်နှင့် လူဦးရေ ၈၀၀ ကျော်ရှိပြီး၊ မာန်အောင်ကျေးရွာတွင် လူဦးရေ ၄၀ ခန့်ရှိကြောင်းနှင့် လက်ရှိတွင် စေတီပြင်၊ သိမ်တောင် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

“ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ရွာ အရှေ့မြောက်ဘက်မှာဖြစ်တာ။ ရွာထဲကို လက်နက်ကြီးတွေကျတယ်။ လူတွေကတော့ ထိခိုက်မူမရှိဘူး” ဟု စက်ခေါ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဖြူထွန်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ မန်အောင်ရွာအရှေ့မြောက်ဖက် (၁.၁)ကီလိုမီတာ အကွာအဝေးတွင် တပ်မတော်၏ ဇက်သင်္ဘော (၂)စီးပေါ်မှ တပ်ဖွဲ့ဝင်များနှင့် ၁ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ် (၂)စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု AA က သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကာ စစ်ဘေးရှောင် တစ်သိန်းခြောက်ထောင်ကျော် အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲ ဖြစ်ပေါ်နေသည်။

ဗီဒီယိုများ