ဖမ်းဆီးခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌအား တပ်မှ တောင်ကုတ်ရဲစခန်းသို့လွှဲပြောင်းထားဟုဆို

တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းအား တပ်မတော်မှ တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ဇူလိုင် ၁၄ ရက်နေ့က လွှဲပြောင်းလိုက်ကြောင်း ကိုအောင်လှိုင်ဝင်း၏ မိသားစုဝင်များထံမှ သိရသည်။

15 Jul 2021

DMG ၊ ဇူလိုင် ၁၅

တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းအား တပ်မတော်မှ တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ဇူလိုင် ၁၄ ရက်နေ့က လွှဲပြောင်းလိုက်ကြောင်း ကိုအောင်လှိုင်ဝင်း၏ မိသားစုဝင်များထံမှ သိရသည်။

ကိုအောင်လှိုင်ဝင်းအပါအဝင် ၇ ဦးတို့မှာ ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားရာ ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့မှာ တစ်လကျော်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ဇူလိုင်လ ၁၄ ရက်နေ့က တပ်မတော်မှ တောင်ကုတ်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်ဟု ကိုအောင်ဝင်လှိုင်းနှင့် ဖုန်းအဆက်အသွယ်ရခဲ့သည့် ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

"တောင်ကုတ်စခန်းကို လွှဲပြောင်းတယ်လို့ ကိုအောင်ဝင်းလှိုင်ဆီက ကျမကိုဖုန်းဆက်လာပါတယ်။ ဒါပေမဲ့ လူချင်းတော့ မတွေ့ရ သေးပါဘူး။ ရဲစခန်းကိုက လော့ဒေါင်းချထားပါတယ်။ ဖုန်းနဲ့တော့ စကားပြောရတယ်" ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ကိုအောင်ဝင်းလှိုင် ကျန်းမာရေးမကောင်းဖြစ်နေပြီး ၎င်းကို လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် အမှုဖွင့်လှစ်ထားသည်ဟု ကိုအောင်ဝင်းလှိုင်၏ပြောကြားချက်ကို ဇနီးဖြစ်သူလမတွယ်တာစိုးကလပြောပြသည်။

ကိုအောင်ဝင်းလှိုင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူ ၆ ဦးနှင့်ပတ်သက်ပြီး သတင်းတစုံတရာ မသိရကြောင်းလည်း မတွယ်တာစိုးက ပြောသည်။

ကိုအောင်လှိုင်တို့ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်၍ တောင်ကုတ်မြို့နယ်စခန်းနှင့် မြို့နယ်ကောင်စီဥက္ကဋ္ဌတို့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ