- ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော
- ရခိုင်တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသူများ မိုးရာသီဖြတ်ကျော်ရန် အကူအညီလိုအပ်နေ
- မောင်တောတွင် မွတ်ဆလင် ၅ ဦးသတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆို
- ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ
- စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေမြို့တွင် အခြေခံစားကုန်များ ပြတ်လပ်လာ
ကုလအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသော မွတ်ဆလင် ၁၀ ဦး စစ်တွေတွင်တွေ့ဆုံ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲအဖွဲ့နှင့် အာဆီယံ ၁၀ နိုင်ငံများမှ သံတမန်များ ပါဝင်သည့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင် ၁၀ ဦးနှင့် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။
11 Sep 2019
အောင်ထိန် | DMG
စက်တင်ဘာ ၁၁ ၊ စစ်တွေ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲအဖွဲ့နှင့် အာဆီယံ ၁၀ နိုင်ငံများမှ သံတမန်များ ပါဝင်သည့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် မွတ်ဆလင် ၁၀ ဦးနှင့် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့သည်။
ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသည့် မွတ်ဆလင်အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ၎င်းတို့ပြန်ဝင်လာရသည့်အကြောင်းအရင်းနှင့် အခက်အခဲများကို ကုလအဖွဲ့မှမေးမြန်းခဲ့ကြောင်း တွေ့ဆုံရာတွင်ပါဝင်သည့် မွတ်ဆလင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရောက်လာတဲ့ အကြောင်းတွေ၊ ကျနော်တို့အခက်အခဲတွေကို သူတို့ကသိချင်လို့ ဖိတ်ကြားတဲ့အတွက် လာရတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
ယခုတွေ့ဆုံခဲ့သည့် မွတ်ဆလင် ၁၀ ဦးတို့မှာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မိမိဆန္ဒ၊ မိမိအစီအစဉ်တို့ဖြင့် မြန်မာနိုင်ငံဘက်သို့ ပြန်ဝင်လာကြသူများဖြစ်ပြီး လက်ရှိ မောင်တောမြို့တွင် ယာယီအဆောင် ငှားရမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။
“ကျနော်တို့ ကိုယ့်ရွာကိုတော့ မပြန်နိုင်သေဘူး။ လက်ရှိ မောင်တောမြို့မှာပဲ မိမိအစီအစဉ်နဲ့ ယာယီအဆောင် ငှားပြီးနေထိုင်နေရတာဖြစ်တယ်။ သူတို့ဘက်က အကုန်လုံးအဆင်ပြေအောင် စီစဉ်ပေးမယ်လို့ပြောတယ်” ဟု ၎င်းမွတ်ဆလင်အမျိုးသားက ဆိုသည်။
ကုလသမဂ္ဂနှင့် သံတမန်အဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့က မောင်တောမြို့သို့သွားရန်စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားသောကြောင့် မောင်တောခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်။
မွတ်ဆလင် ၁၀ ဦးနှင့် ယနေ့တွေ့ဆုံရာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ အဖွဲ့ဝင်များအပါအဝင် အာဆီယံနိုင်ငံဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ သံတမန်များပါဝင်ကြောင်း သိရသည်။