- စစ်တွေက မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီ စစ်သင်သန်းပေး၊ လူ ၁,၀၀၀ ထပ်တောင်းထား
- အမ်းမြို့အခြေစိုက် နပခကို AA တိုက်ခိုက်နေ
- ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော
- AA နှင့်အတူ အနာဂတ်တိုင်းပြည်သစ်ကို ဖန်တီးပုံဖော်လိုကြောင်း NUG ပြော
- စစ်ကောင်စီလက်နက်ကြီးကြောင့် အမ်းနှင့်သံတွဲတွင် ကလေးတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ရခိုင်က မဲဆန္ဒနယ်အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်ပြိုင်မည်
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် မြို့နယ်များအပါအဝင် မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ယနေ့သြဂုတ် ၁၂ ရက်နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း ထုတ်ပြန်ချက်အရ သိရသည်။
12 Aug 2020
မင်းထွန်း | DMG
သြဂုတ် ၁၂ ၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် မြို့နယ်များအပါအဝင် မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)မှ ယနေ့သြဂုတ် ၁၂ ရက်နေ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၇)ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သလို အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂)ခုတွင်လည်း USDP မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အလားတူ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၃၄)ခုတွင်လည်း ကိုယ်စားလှယ်လောင်း (၃၄) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် တစ်ဦးဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ရခိုင်ပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက “အရင်နှစ်က ကျနော်တို့ ပြည်နယ် လွှတ်တော် ၃ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာရရှိခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ အဲဒီထက်တော့ တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြောသည်။
တစ်ဖက်တွင် ကြံ့ခိုင်ရေးပါတီ၏ ပြိုင်ဘက်ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)မှလည်း ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် (၁၇)ခုနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂)ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။
ANP ပါတီသည်လည်း ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၃၄)ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၇) ခု၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၁၅)ခုနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၂၉)ခုတို့တွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။